အားလုံးပဲမင်္ဂလာပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီးအရသာရှိတဲ့ ဟင်းလျာတစ်ခွက်သုံးဆောင်ချင်တဲ့သူတွေအတွက် ကြက်သားရွှေဖယုံသီးပေါင်းလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ ဝိတ်ချချင်သူတွေအတွက်လည်း အထူးသင့်လျော်တဲ့ဟင်းလျာလေးဖြစ်တာကြောင့် ချက်နည်းလေးကိုဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၂၅၀ ဂရမ်
  • ရွှေဖရုံသီး ၁ လုံး
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • သကြား စားပွဲတင်ဇွန်းတစ်ဇွန်း
  • ကြက်သွန်မိတ် ၂ ချောင်း

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်သား ၂၅၀ ကိုရေဆေးသန့်စင်အရိုးထုတ်ပြီး အနေတော်အတုံးလေးတွေတုံးပေးရပါမယ်။ပြီးရင်တော့ ဇလုံတစ်ခုအတွင်းကြက်သားတုံးလေးတွေထည့်ကာ ခရုဆီ ပဲငံပြာရည် ဆား ကော်မှုန့် သကြားတို့ကိုရောထည့်ကာသမအောင်မွှေပေးပါ။ပြီးရင်တော့ကြက်သားကို ၁၅ မိနစ်ခန့်နှပ် ထားပေးရပါမယ်။

(၂) ကြက်သားနှပ်ထားစဉ်အတွင်း ရွှေဖရုံသီးကို ကုဗတုံးပုံစံ အနေတော်အရွှယ်လေးတွေတုံးပေးရပါမယ်။ကြက်သားနှပ် ထားတဲ့အချိန်ပြည့်ပြီဆိုရင်တော့ ပေါင်းအိုးထဲကိုထည့်ပြီး အပေါ်က ရွှေဖရုံသီးလေးတွေအုပ်ကာ မိနစ် ၂၀ ခန့် ပေါင်းထားပေးရပါမယ်။

(၃) မိနစ် ၂၀ ပြည့်လို့ အနံ့လေးမွှေးလာပြီဆိုရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။ပြီးရင်တော့ ကိုယ်ကြိုက်နှစ်သက်ရာပန်းကန် ထည့် သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။လွယ်ကူရိုးရှင်းပြီး အရသာလည်းရှိတဲ့ ကြက်သားရွှေဖရုံသီးပေါင်းလေးကို အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်စားကြည့်လိုက်ပါအုန်းနော်။

Source : Asianfoodnetwork