ဘယ်အချိန်ပဲဖြစ်ဖြစ် မငြင်းနိုင်သော ပူတင်းလေးပါ။ အချို ပွဲလိုလည်း သုံးဆောင်လို့ရသလို မနက်စာ (သို့) အဆာပြေလည်း စားသုံးလို့ရပါတယ်။ စားပြီးလျှင်လည်း ပြီးပြည့်စုံသောခံစားမှု ကြောင့် တစ်ခုခု စားချင်နေသော အချိန်မှာ နှစ်သိမ့်ပေးသော ပူတင်းလေးဖြစ်ပါတယ်။ လုပ်စားကြည့်လိုက်ပါ။
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၄ လုံး (ခလောက်ထားပါ)
- ငှက်ပျောသီး – ၁ လုံး (ပါးပါးကွင်းလေးတွေလှီးထားပါ)
- နွားနို့ – ၂ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
- ခရင်မ်ပျစ် – ၃ဝဝ မီလီတာ
- သကြားညို – ၁⁄၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
- ဗနီလာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- Chocolate Chip – ၁/၄ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
- ပေါင်မုန့်အဖြူ – ၇ ချပ် (အတုံးလေးတွေ လှီးထားပါ)
- ထောပတ် – စားပွဲဇွန်း ၂ ဇွန်း ခွဲ (အခန်းအပူချိန်နဲ့ ပျော့အောင်ထားပါ)
- ထောပတ် – စားပွဲဇွန်း ၂ ဇွန်း ခွဲ (အခန်းအပူချိန်နဲ့ ပျော့အောင်ထားပါ)
- ဆား – အနည်းငယ်
ပြုလုပ်နည်း
- အာဗင်ကို ကြိုပြီး ၁၈ဝ – ၁၆ဝ ဒီဂရီ အပူပေးထားပါ။ အာဗင် အသေးအကြီးနဲ့ ပန်ကာ (သို့) ဂတ်(စ်)မီးပေါ်မူူတည်ပြီး အပူချိန် အနည်းငယ်ကွာပါတယ်။
- ကင်ရန် မကပ်သော ၅ စင်တီမီတာ ဇောက်အနက်၊ ၁၇ x ၂၈ စင်တီမီတာအကျယ် ကင်ရန်ဗန်းကို ထောပတ်ရည်ဖြင့် အနည်းနှံ့အောင် သုတ်ထားပါ။
- ဖန်ဇလုံအကြီးထဲ ကြက်ဥ၊ နွားနို့၊ သကြား၊ ခရင်မ်၊ ထောပတ်ရည်၊ ဗနီလာနှင့် ဆားများအားလုံးထည့်ပြီး ခလောက်တံဖြင့် အားလုံးရောနှံ့သွားအောင် မွှေပါ။
- အတုံးလေးများလှီးထားသော ပေါင်မုန့်ချပ်များကို ကင်ရန် ဗန်းထဲသို့ တစ်ဝက်ကို ဖြန့်စီထည့်ပါ။ အပေါ်မှနေ ချောကလက်တုံး အနှံ့ဖြူးပေးပါ။ ပြီးလျှင် ပါးပါးလှီးထားသော ငှက်ပျောကွင်းလေးများ စီတင်ပါ။ ကျန်ရှိသော ပေါင်မုန့်အတုံးလေးများ စီတင်ပါ။ ပြီးလျှင် ချောကလက်တုံးလေးများ အပေါ်မှအကုန်ထပ်ဖြူးပါ။
- ဖျော်ထားသော ကြက်ဥနှစ်ရည်ကို ပေါင်မုန့်များထည့်ထားသော ဗန်းထဲ လောင်းထည့်ပါ။ ပြီးလျှင် ၃ဝ – ၃၅ မိနစ် လောက်ဖုတ်ပါ။ (သို့) ကြက်ဥတင်းလာပြီး ရွှေရောင်သန်းလာလျှင် ရပါပြီ။ ပူပူလေး ကြိုက်နှစ်သက်ရာ အချိုပေါ့ကော်ဖီ၊ လက်ဖက်ရည်၊ Herbal Tea တို့ဖြင့် သုံးဆောင်လျှင် လိုက်ဖက်ပါတယ်။