အရောင်တွေမပါတဲ့ အဖြူထည် အုန်းစိမ်းနုနုကျောက်ကျောလေးကို ခဏခဏ လုပ်စားဖြစ်တယ်။ အချိန်လည်အများကြီး ပေးစရာမလိုတော့ အလွယ်တကူ လုပ်စားဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
- ကျောက်ကျော – 25g (တယ်လီဖုန်းကျောက်ကျော အသေး)
- အုန်းစိမ်းရေ – ၂ လုံး
- အုန်းသီးနုနု – လိုသလောက်
- သကြား – ၁၀ သား
- ဆား – ၁ ဇွန်း (လ္ဘက်ရည်ဇွန်း)
- ရေ – ၁ ဗူး (နို့ဆီဗူး)
ပြုလုပ်နည်း
- တယ်လီဖုန်းကျောက်ကျော အသေးတစ်ထုပ်ကို အုန်းစိမ်းရည် ၂လုံးနှင့် အုန်းသီးနုနုလေးတွေ ခြစ်ပြီး အုန်းရည်နှင့်အတူ ရောကြိတ်ပါ ။
- သကြား ၊ ဆား နှင့် ရေတို့ကို ကျောက်ကျောမှုန့် အားလုံးကို ရောမွှေပြီး မိနစ် ၂၀ ခန့် ကျိုပြီး ဗန်းထဲထည့် အအေးခံထား လှီးဖြတ်စားသုံး နိုင်ပါသည် ။
Credit: Thida Lay Lay