သင်္ကြန်အတွက် လုပ်စားလို့ ရတဲ့ မုန့်လေးများ

သင်္ကြန် နဲ့ ကျောက်ကျော ကတော့ အတွဲညီညီ တွဲလို့ရသော အချိုပွဲလေးပါ ။  ကျောက်ကျော ကို တစ်ယောက်စာ စားလို့ရမယ့် ပုံစံလေးတွေ လုပ်ပြီး ရေကစားပြန်လာသူတွေကို အစာပြေကျွေးတော့ သိပ်အဆင်ပြေပါတယ်။ လုပ်စားကြည့်လိုက်နော်

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော – ၂ ထုပ် (တယ်လီဖုန်းပုံ ကျောက်ကျော)
  • သကြား – ၁ ခွက် နှင့် ၃/၄ ပုံ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဆား – ၁ ဇွန်း လက်ဖက်ဇွန်း
  • ဂျယ်လီမှုန့် – ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း (ရေနွေးလေးဖြင့်ဖျော်ထားပါ)
  • ရေ – ၅ ခွက် (မုန့်ရန်တိုင်းသော ခွက်)
  • အုန်းသီးရည် -၂ ခွက် (လတ်ဆတ်သော အုန်းသီးခွဲမှရသော အရည်)
  • အုန်းနို့ရည် – ၁ ခွက်
  • ထန်းလျက် – ၁၀ ကျပ်သား (ကြိုထားပါ)
  • အုန်းသီး – ၁ ခြမ်း (အသားများ ခြစ်ထားပါ)

ပြုလုပ်နည်း

  1. မကပ်သော စောက်နက်အိုးထဲ ကို အုန်းသီးရည်၊ အုန်းနို့ရည် ၊ ရေ ထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။
  2. အရည်များ ပူပြီး ပွတ်လာလျှင် ကျောက်ကျော၊ သကြား၊ ဂျယ်လီမှုန့် နှင့် ဆား တို့ထည့်ပြီး သကြားအရည်ပျော်တည့်အထိ တည်ပါ ။ အဆက်မပြတ်မွှေပေးပါ ။ ပွတ်ပွတ်ဆူလာလျှင် မီးဖိုပေါ်မှ ချပြီး ကပ်ကိတ်ခွက်လေးတွေထဲ လောင်းထည့်ပါ။
  3. အနည်းငယ် အအေးခံပြီး အပေါ်ယံ နည်းနည်း တင်းလာလျှင် ကြိုထားသော ထန်းညက်အရည်ကို လက်ဖက်ဇွန်း တစ်ဇွန်းစီလောက် ကျောက်ကျောပေါ်မှ ဆန်းလိုက်ပါ ။
  4. ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားပါ။ ၂၀ – ၂၅ မိနစ်လောက် အအေးခံထားပြီး လျှင် ခွက်လေးများထဲမှ ထုပ်ပြီး အုန်းသီးဖတ်လေးများ ထလျက်ထပ်ဆန်းပြီး သုံးဆောင်နိုင်ပါသည်။
  5. အအေးကြိုက်သူများ အတွက် စားခံနည်းမှာ ရေခဲသေတ္တာထဲမှ ထုပ်စားတာကောင်းပါတယ်။

Credit: Syi Foodgarden