လီမွန်ကို  ဒီမှာတော့ သံပုယိုသီးလို့ ခေါ်ကြပါတယ်။ သူ့ကို အရည်ညှစ်ပြီး ဖျော်သောက်ဖို့တင်မဟုတ်ဘဲ မီးဖိုချောင်ထဲမှာလည်း သုံးလို့ ရတယ်ဆိုတာ သိပါသလား? တခါတလေ အသားတွေ ကိုင်ပြီး လက်တွေ နံရင် သံပုယိုသီးနဲ့ တိုက်ပြီး လက်ဆေးသလို လက်သည်းကြားထဲက မကောင်းတဲ့အညစ်အကြေးတွေကို သန့်စင်ဖို့ လီမွန်ကို သုံးပါတယ်။

ဒါ့အပြင် မီးဖိုချောင်အတွင်းက ပစ္စည်းတွေကို သန့်ရှင်းတဲ့ နေရာမှာလည်း အသုံးဝင်ပါသေးတယ်။

၁။ မိုက်ခရိုဝေ့

Source: wikiHow

မိုက်ကရိုဝေ့တွေ အရမ်း ညစ်ပတ်ပြီး အနံ့တွေ ဆိုးတဲ့အခါ လီမွန်က ဖြေရှင်းပေးပါတယ်။ သံပုယိုသီးကို ခြမ်းပါ။ ခွက်တစ်လုံး ခြမ်းထားတဲ့ သံပုယိုသီးကို ထည့်ပါ ရေကို ခွက်ရဲ့ ၃ပုံ၂ပုံထည့်ပါ။ ပြီးရင် မိုက်ခရိုဝေ့ထဲကို ထည့်ပြီး ၅မိနစ်လောက် ထားပါ။ ပြီးရင် ယူလိုက်ပါ။ အဝတ်နဲ့ မိုက်ခရိုဝေ့ထဲ သုတ်ပါ။ သံပုယိုသီးအရည်ကိုလည်း နည်းနည်းယူပြီး သုတ်ပေးပါ။ အနံ့အသက် ကင်းစင်ပြီး သန့်သွားပါလိမ့်မယ်။

၂။ အမှိုက်ပုံး အနံ့ဆိုးကို ဖယ်ရှားနိုင်

Source: Fab How

အမှိုက်ပုံးတွေမှာ ဘယ်လောက်ဆေးဆေး အနံ့ဆိုး မပျက်ဘူးဆိုရင် သံပုယိုသီးကို ရေအေးထဲ ညှစ်ထည့်ပြီး ဆေးပေးပါ။ ချဉ်စုပ်စုပ် အနံ့တွေကို ဖယ်ရှားပေးပါလိမ့်မယ်။

၃။ အဝတ်အထည်တွေပေါ်က အစွန်းတွေကို ချွတ်မယ်

Source: al-ain.com

ဒီနည်းက နူးညံ့တဲ့ အထည်တွေတောင်မှ အသုံးဝင်ပါတယ်။ သံပုယိုသီးအရည်နဲ့ဆားကို ရောပြီး အစွန်းနေရာမှာ နာရီဝက် ထားပါ။ ပြီးရင် ရှာလကာရည်ကို ရေနွေးနဲ့ရောစပ်ပြီး လောင်းချဆေးလိုက်ပါ။ အစွန်းတွေ ပျောက်သွားပါလိမ့်မယ်။

၄။ စဉ်းနှီးတုံးကို သန့်စင်မယ်

Source: Cutco

စဉ်းနှီးတုံးပေါ်က အညစ်အကြေးတွေနဲ့ အနံ့ဆိုးတွေကို သံပုယိုသီးအခြမ်းနဲ့ ပွတ်တိုက်ပေးရင် ကင်းစေသွားပါမယ်။

၅။ ကြေးနဲ့လုပ်ထားတဲ့ အိုးတွေကို သန့်စင်မယ်

Source: 1millionwomen.com.au

ကြေးပန်းအိုးတွေ ဒါမှမဟုတ် ကြေးနဲ့လုပ်ထားတဲ့ ပစ္စည်းတွေမှာ ဆားတွေလိုမျိုး သီးနေပြီး အကွက်စိမ်းတွေ ဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါကို သံပုယိုသီး အရည်နဲ့ ပွတ်တိုက်ပေးရင် ပြန်ပြီး ပြောင်လက်လာပါလိမ့်မယ်။

၆။ ဘေစင်ပေါက်တွေကို သန့်ရှင်းမယ်။

Source: Hansgrohe

ရေချိုးခန်းနဲ့ မီးဖိုခန်းထဲက ဘေစင်တွေရဲ့ ရေဆင်းပေါက်မှာ ညစ်ပတ်နေတဲ့ အခါ သံပုယိုသီးကို ခြမ်းပြီး ပွတ်ပေးရုံနဲ့ ပြန်ပြီး ပြောင်လက်လာပါလိမ့်မယ်။

၇။ တီရှပ်တွေက ချွေးကွက်တွေကို ဖယ်ရှားမယ်။

Source: hunker.com

ရှပ်အကျိႍတွေနဲ့ တီရှပ်တွေမှာ ချွေးကြောင့်ဖြစ်တဲ့ အကွက်တွေကို သံပုယိုသီးအရည်နဲ့ ခဏနှပ်ထားပြီး ရေဆေးလိုက်ရင် စင်သွားပါလိမ့်မယ်။ ရှာလကာရည်နဲ့လည်း လုပ်လို့ ရပါတယ်။

Featured Image Source: Savvy Life Mag Plus

Credit: Good Housekeeping