လူကြီး၊ ကလေး ကြိုက်နှစ်သက်မည့် အချိုပွဲပါ။ အလှုပွဲ၊ မင်္ဂလာပွဲများတွင်လည်း ကျွေးရလည်းလှ၊ လွယ်ကူစွာလည်း လုပ်လို့ရမည့် အချိုပွဲပါ။ ရာသီဥတု ပူတဲ့ အချိန်မှာ စားရင်လည်း ဆွေမျိုးမေ့မဲ့ အချိုပွဲမျိုးပေါ့။
ပါဝင်ပစ္စည်းများ
- စိန်တလုံး သရက်သီး
- ပန်းသစ်တော်သီး
- စပျစ်သီး
- J Cup ရောင်စုံ ၃ ရောင်
- ထူးရေခဲမုန့်
- Dawn နို့စိမ်းစမ်း
ပြုလုပ်နည်း
၁။ စိန်တလုံး သရက်သီး ၊ ပန်းသစ်တော်သီး နှင့် J Cup J Cup ရောင်စုံ ၃ ရောင် ကိုအတုံး တုံးပြီး ဒိုမီနို ခွက်ရှည်ကြီး ထဲတွင် ထည့်ပါ ။
၂။ ပြီးလျင် စပျစ်သီး အလုံးလေးများကို ချွေထည့်ပါ။
၃။ ထို့နောက် dawnနို့စိမ်းစမ်းကို လောင်းထည့်ပြီး ၊ အပေါ်ဆုံးမှ ထူးရေခဲမုန့်ကို တင်ပါ။
၄။ စားသုံးရန် အစဉ်သင့် ဖြစ်ပါပြီ။
Credit: Pone Na Yait