ပါဝင်ပစ္စည်းများ (ပွဲ ၂၀ စာ)

  • အုန်းနို့ – 600 ml
  •  နွားနို့ – 1 Liter ( အသင့်ကြိုပြီး )
  • သကြား – ၅၀ သား
  •  ဆား – ၁ ၁/၂ ဇွန်း (လဖက်စားဇွန်း)
  • ရေ – ၁၀ ဗူး ( နို့ဆီဗူး)
  • တယ်လီဖုံးကျောက်ကျောမှုန့် – ၆ ဇွန်း (စားပွဲတင်ဇွန်း)
  •  ကြက်ဥ – ၁၆ လုံး
  • သံပုရာရည် – ထမင်းစားဇွန်း ၁ ၁/၂

ပြင်ဆင်ပြုလုပ်နည်း

ရေ နှင့်ကျောက်ကျောမှုန့့်ကို ဖျော်ထားပါ။ ကြက်ဥ အနှစ် နှင့် အကာ ခွဲထားပါ ။ အနှစ်ထဲတွင် ရေ ထမင်းစားဇွန်း ၃ ဇွန်းဖြင့် ခလောက်ပါ ။  အကာထဲတွင် သကြား ထမင်းစားဇွန်း ၃ ဇွန်း သံပုရာရည် ထည့်ခေါက်ပါ ။  မွှေထားသည့် အမြုပ်များသည် ခွက်စောင်းလိုက်လျင် ခွက်နှင့်ကပ်နေပါက သုံးလို့ရပါပြီ။

ပထမဆုံး အုန်းနို့၊  နွားနို့၊ သကြား၊ ဆား စသည်တို့ကို အိုးသန့်သန့်ထဲထည့်ကာ မီးအေးအေးဖြင့် အပူပေးပါ။ သကြားပျော်ရုံဆို ရပါပြီ ၊ ဆူရန်မလိုပါ။

ထို့နောက် အသင့်ဖျော်ထားသော ကျောက်ကျောရည် လောင်းထည့်ပါ။  မီးအေးအေးဖြင့် ဆူတဲ့ထိ မွှေကျို ကျိုပါ။ ကျောက်ကျောရည်  ဆူလာပါက ၂ အိုး ခွဲထည့်ထားပြီး ၂ အိုးလုံးကို မီးအေးအေးဖြင့် တည်ပါ။ ( ချောကလက် / ကော်ဖီမစ်) ကို   ကျောက်ကျောရည် နည်းနည်းထည့် ဖျော်ကာ ဗန်းထဲ ပါးပါးလေး လောင်းထည့်ပြီး ရေခဲသေတ္တာတွင် အအေးခံထားပါ။

ပထမအိုးကို ကြက်ဉအနှစ်ရည် လောင်းထည့်ပြီး အတုံးလိုက် ကျက်မသွားအောင် ၁ မိနစ်ခန့့်မြန်မြန်မွှေပေးပြီး ဗန်းထဲထည့်ကာ အအေးခံပါ ။ အပေါ်ယံအနည်းငယ်တင်းရင် ချောကလက်၊ ကျောက်ကျော ပါးပါးလွှာလေးပါ ထည့်ပါ။

မီးအေးအေးဖြင့် တည်ထားသည့် ဒုတိယအိုးကို အမြုပ်ရအောင် မွှေထားသည့် ကြက်ဥ အကာရည်ကို ကျောက်ကျောထဲ ထည့်ကာ ခပ်ဖွဖွလေး ၂ မိနစ်လောက်မွှေပေးပါ။

ပြီးလျှင် မျက်နှာပြင်တင်းစ ပြုနေသော အနှစ်ရည် ကျောက်ကျောပေါ်သို့ ဇွန်းအကြီးဖြင့် အသာအယာ ဖြန့်ပြီး အအေးခံကာ ရေခဲသေတ္တာထဲ ထည့်ပြီး ချိုအေးမွှေးတဲ့  ကြက်ဥအမြုပ် ကျောက်ကျော ကိုသုံးဆောင်လို့ ရပါပြီ။

Credit: Thi Da