လွယ်ကူမြန်ဆန်ပြီး စားလို့လည်း ကောင်းတဲ့ ကြက်ဥပူတင်းကျောက်ကျောလေးကို လုပ်စားကြည့်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
- အာဂါးကျောက်ကျော အပြာ – တစ်ထုပ်
- ကြက်ဥ – ၅ လုံး
- သကြား – ၃ ဇွန်း
- နို့ဆီ နှင့်နို့စိမ်း – တစ်လုံးစီ
- ရေ – ၁ လီတာ (တစ်ဗူး)
ပြင်ဆင်ပြုလုပ်နည်း
အာဂါကျောက်ကျောအပြာ၊ ကြက်ဥ၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့အားလုံးကို သမအောင် ရောမွှေထားပါ။
ရေတစ်လီတာကို ကျောက်ကျောကြိုမည့် အိုးထဲမှာထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာပါက ရောမွှေထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ထည့်မွှေပေးပါ။ အဆက်မပြတ်မွှေပေးပါ။ မီးပြင်းပြင်းဖြင့် ကြိုပါ။ အိုးကပ်တတ်သည့်အတွက် အိုးကြမ်းပြင်ထိရောက်အောင် မွှေပေးပါ။
ကြက်ဥအနှစ်လေးတွေ ပုံပါအတိုင်း ခဲလာတဲ့အထိ ကြိုရပါမည်။ ကြက်ဥအနှစ်နဲ့ ကျောက်ကျောသား ကွဲလာပြီဆိုလျှင် ရပါပြီ။ ဗန်းထဲလောင်းထည့် အအေးခံပြီး အေးလျှင် ရေခဲသေတ္တာထဲတွင် ခဏထည့်ပြီးမှ စားပါက ပိုကောင်းပါသည်။
Credit: တင်တင့်လက်ရာ