အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ လုပ်ရတာလည်း သိပ်လက်မဝင်ဘဲ အရသာအလွန်ရှိတဲ့ ကြက်ဥပူတင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပါဝင်ပစ္စည်းတွေကလည်း ရှာရလွယ်ပြီး ကလေးလူကြီးအကြိုက် အရသာဆိုတော့ နေ့လည်နေ့ခင်းတွေမှာ သရေစာအနေနဲ့လည်း စားသုံးနိုင်မှာပါ။
ပါဝင်ပစ္စည်းများ
- ကြက်ဥ – ၇ လုံး
- နွားနို့ – ၅၀ သား
- သကြား – ၈ ဇွန်းခန့်
- ဂျုံမှုန့် – ၅ ဇွန်း
- ဆား – အနည်းငယ်
- ဗနီလာအနံ့ – ၁ စက်
ပြုလုပ်နည်း
ကြက်ဥကို ခလောက်ပါ။ နွားနို့ထည့်ပါ။ သကြားထည့်ပြီး နှံ့အောင် မွှေပါ။ ဂျုံမှုန့်ကို ဇကာနဲ့ စစ်ချပြီး မွှေပါ။ ဆား ထည့်ပါ။
မီးဖိုပေါ် တင်ပြီး မီးအေးအေးနှင့် ပျစ်လာသည် အထိ အဆက်မပြတ် မွှေပါ။ အနံ့ထည့်ပါ။
ဖုတ်မယ့်ဇလုံကို ထောပတ်သုတ်ပြီးထည့်ပါ၊ အပူချိန် ၁၆၀ နဲ့ မိနစ် ၃၀ ခန့်ဖုတ်ပါ။
Credit: ချက်ကြည့်ကြစို့