ပါဝင်ပစ္စည်းများ

  • ဂျုံ   –  300gm
  • ကြက်ဥ   –  ၄လုံး
  • နွားနို့   –  300ml
  • သကြား   –  150gm
  • ထောပတ်ခဲ   –  100gm
  • ဆား  –  တစ်ဇွန်း (လက်ဖက်ဇွန်း)
  • ဘေကင်ပေါင်ဒါ  –  လက်ဖက်ဇွန်းဝက်
  • ဗာနိလားအရည် (Vanilla)   –  တစ်ဇွန်း (လက်ဖက်ဇွန်း)

ပြုလုပ်နည်း

  1. ပထမဦးစွာ ဂျုံ နှင့် ကြက်ဥ၂လုံး၊ ဆားတစ်ဝက်၊ သကြား50gm၊ ဘေကင်ပေါင်ဒါ နဲ့ ထောပတ်တို့ကို ရောနယ်ပြီး၊ လေလုံအောင် ပိတ်ပြီး မီနစ်၂၀ခန့် သိမ်းထားပြီးမှ ပုံစံခွက်ထဲ ဖြန့်ထည့်ပါ။
  2.  ပူတင်း အရည်အတွ က်နွားနို့ ၊ သကြား၊ ဆားတို့ကို မီးဖြည်းဖြည်းနဲ့ တည်ပြီး ကြက်ဥထည့် မွှေပေးပါ။
  3. ပွက်ရုံလေးဆူပြီးလျှင် မီးပိတ်ပါ။
  4. ဗာနိလား အရည်ထည့်မွှေပြီး ပုံစံခွက်လေးများထဲ လောင်းထည့်ပြီး Ovenထဲ မီးအပူချိန်၁၇၀°အပေါ်မီး၊ အောက်မီးနဲ့ ၂၅မီနစ် ခန့်ဖုတ်ပေးပြီး၊ အအေးခံကာ စားသုံးနိူင်ပါပြီ။

Credit: Thida Lay Lay