အားလုံးပဲ မင်္ဂလာပါ။ ငါးဟင်းကို ဆီပြန်ကြီးချက်မစားချင်တော့ဘူးဆိုသူတွေအတွက် စားလို့အလွန်ကောင်းတဲ့ ငါးငရုတ်သီးထောင်းဟင်းတစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးအသားကြော်နွှာ – ၁ လုံး (ဟင်းချိုပန်းကန်လုံးသေး)
- ကြက်သွန်ဖြူ – ၅ မွှာ
- ငြုပ်သီးအကြက်မှုန့် – ၅ ဇွန်း (လဘက်ရည်ဇွန်း)
- ဟင်းချိုမှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
ပြုလုပ်နည်း
- ငါးကြော်မှ အသားများကို နွှင်ထားပါ။
- ငြုပ်သီးအကြက်မှုန့် ၊ ကြက်သွန်ဖြူ ၊ ဆား နှင့် ဟင်းချိုမှုန့် ကို ဆုံထဲတွင် အရင် ညက်နေအောင် ထောင်းပါ။
- ပြီးလျင် နွှင်ထားသော ငါးအသားများကို ဆုံထဲတွင် ရောထောင်းပါ။
- မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင် ပါပြီ။
MyFood Myanmar