မင်္ဂလာပါ။ ငါးကြင်းဖြူလို့ဆိုလိုက်တာနဲ့ ကြော်မယ်၊ ချက်မယ်၊ ဟင်းရည်ထဲထည့်သောက်မယ်လောက်ပဲ တွေးမိကြမှာပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ပေါင်းပြီးစားကြည့်ရအောင်။ ငါးကြင်းဖြူရှူးရှဲပေါင်းလို့ အမည်ရတဲ့ ဟင်းပွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပြီနော်။
ပါဝင်ပစ္စည်းများ
- ငါး – အနေတော်တုံးပါ
- ဆား
- ဟင်းခတ်မှုန့်
- ရှောက်ကော
- ခွာကျောဝ်မှုန့်
- ကြက်သွန်ဖြူ
- ဂျင်း
- ငရုတ်သီးစိမ်း
- ပင်စိမ်း
- ဖက်ဖယ်ရွက်
- ရှမ်းနံနံ
- ကင်ပွန်းချဉ်ရွက်
ပြုလုပ်နည်း
- ငါးကို အနေတော် တုံးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ရှောက်ကော ၊ ခွာကျောဝ်မှုန့် ထည့်နယ်ပါ ။
- ကြက်သွန်ဖြူ ၊ ဂျင်း ၊ ငရုတ်သီးစိမ်း ၊ ကင်ပွန်းချဉ် ထောင်းပြီးထည့်ကာ ပင်စိမ်း ၊ ဖက်ဖယ်ရွက် ၊ ရှမ်းနံနံ တို့ကို တောက်တောက် စင်းထည့်ပါ ။
- ပြီးရင် ဖက်မှာမကပ်အောင် ဆီ အနည်းငယ် ထည့်နယ်ပြီး နာရီဝက် ၁ နာရီခန့် နှပ်ထားပါ ။
- ပြီးရင် နှပ်ထားသော ဖက်ထုပ်များကို ပေါင်းအိုးထဲ ၁ နာရီခန့် ထည့်ပေါင်းပြီးလျှင် ပူပူနွေးနွေးလေး စားသုံးလို့ ရပါပြီရှင့် ။
Credit: Nang Thanda Oo