ပါဝင်ပစ္စည်းများ

  • ဘာဆာငါး – 150 g (ရေဆေးပြီး ရေခြောက်အောင် လုပ်ကာ ခပ်ပါးပါး လှီးထားပါ )
  • ကြက်သွန်နီ – ၁ ဥ (အတုံးလေးများ ရအောင် လှီးထားသော )
  •  ကြက်သွန်ဖြူ – ၃ မွှာ (ဓါးပြားရိုက်ထားပါ)
  • ပန်းဂေါ်ဖီ – ၁၀ ခက် (အနေတော် လှီးထားပါ)
  •  ခရမ်းချဉ်သီး – ၁ လုံး (ခပ်ကြီးကြီး/လေးစိပ် စိတ်ထားပါ)
  •  မုံလာဥနီ – ၁ ဥ (အနေတော်/အရှည်လိုက် လှီးထားပါ)
  •  ပဲသီး – ၁ တောင့် (အနေတော်လှီးထားပါ)
  •  တရုတ်နံနံ – ၂ ပင်  (တလက်မစီလောက် လှီးထားပါ)
  • ဆား – တစ်ဝက် သာသာ (လက်ဖက်ရည်ဇွန်း)
  • သကြား – ၁ ဇွန်း (ထမင်းစားဇွန်း)
  • တန်ပူရာမှုန့် – ၁ ဇွန်း  (ထမင်းစားဇွန်း)
  • ချယ်ရီ ခရမ်းချဉ်သီး – ၅ လုံး
  • ခရမ်းချဉ်သီးဆော့ -၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆီ – ၃ ဇွန်း (ချိုချဉ်ကြော်ရန် )
  • သစ်ရွက်ဆီ – ၁ လုံး( ပန်းကန်လုံး/ငါးကြော်ရန် )

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးကို တန်ပူရာမှုန့် ထမင်းစားဇွန်းတဇွန်း ရေအနည်းငယ်နှင့် ခပ်ပြစ်ပြစ် နယ်ထားပါ ။
  2. ဆီကို အပူပေးပြီး ငါးကို ဇွန်းနှင့်ခပ်ပြီး တစ်တုံးခြင်းကြော်ပေးပါ ။
  3. ရွှေဝါရောင် သန်းလာလျှင် ဆယ်ပြီး ဆီစစ်ပေးပါ ။

ပြင်ဆင်ပြုလုပ်နည်း

1. လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ ။

2. ဆီကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို မိနစ်ဝက်လောက် ကြော်ပေးပါ ။

3. မိနစ်ဝက်ပြည့်တာနဲ့ ပန်းဂေါ်ဖီ ၊ မုံလာဥနီ နှင့်ပဲသီးတို့ကို ထည့်ပြီး တမိနစ်လောက် ကြော်ပေးပါ ။

4. တမိနစ်လောက် ကြော်ပြီးတာနဲ့ ကြော်ထားသောငါး ၊ ဆား ၊ သကြား ၊ ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ ။

5. ကြော်ချိန် တစ်မိနစ်လောက် ရပြီဆိုတာနဲ့ ခရမ်းချဉ်သီးနှင့် တရုတ်နံနံတို့ ထည့်မွှေပေးပြီး ချိုချိုချဉ်ချဉ် အစိမ်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ ။

Credit: Mar Mar Lwin