မင်္ဂလာပါ။ ရှမ်းအစားအစာကြိုက်တဲ့သူတွေအတွက် ရှမ်းငါးပေါင်းချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ရှမ်းအစားအစာတွေကတော့ ဘယ်အချိန်စားစား အရသာရှိတာကတော့ မငြင်းနိုင်ပါဘူးနော်။
ပါဝင်ပစ္စည်းများ
- ငါးအသား – (၅၀) သား
- ကြက်သွန်ဖြူ – ၁၅ တက်
- ငရုတ်သီးစိမ်း – ၁၀ တောင့်
- ရှမ်းနံနံ – ၂ စည်း
- နံနံပင် – ၁ စည်း
- မြန်မာပင်စိမ်း – ၁ စည်း
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
- သံပုရာသီး – ၂ လုံး
ပြင်ဆင်ပြုလုပ်နည်း
- ငါးအသားတွေကို ရေဆေး ၊ စစ်ပြီးရင် ဆား ၊ ငရုတ်ကောင်းမှုန့် ၊ သံပုရာသီး (၁) လုံးကို အရည်ညှစ်ပြီး (၁၀) မိနစ်ခန့် နှပ်ထားပါ။ ထိုစဉ်အတွင်း ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တို့ကို ခပ်နုပ်နုပ်စင်းပါ ။ နံနံပင် ၊ ရှမ်းနံနံ ၊ ပင်စိမ်းတို့ကိုလည်း ပါးပါးလှီးပါ ။
- ဇလုံတစ်ခုအတွင်းမှာ ငါး ၊ နုပ်နုပ်စဉ်းထားသောကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ ပါးပါးလှီးထားသော ပာင်းခတ်အမွှေးအကြိုင်တို့ကို ဆီ ၊ လက်ကျန်သံပုရာသီးတို့ဖြင့် သမသွားအောင် ခပ်ဖွဖွနယ်ပါ ။
- ငှက်ပျောဖက်ခင်းထားသော အိုးတစ်လုံးမှာထည့်ပြီး အပေါ်ယံကနေ ငှက်ပျောဖက်လေးလုံအောင် ထပ်ပြီး အုပ်ထားပါ ။ အဖုံးကို လုံခြုံအောင်ပိတ်ပြီး အလေးချိန်ရှိသော အရာတစ်ခု တင်ထားပါ ။ အနည်းဆုံး မီးအပူချိန်မှာ မိနစ်(၃၀) ခန့် ပေါင်းပေးရပါမယ် ။ မွှေပေးစရာမလိုအောင် မီးအပူချိန်နည်းဖို့ပဲ လိုအပ်ပါတယ် ။ မိနစ်(၃၀) လောက် ထိုနည်းအတိုင်း ပေါင်းပြီးရင် ငှက်ပျောဖက်နံ့ ၊ ပာင်းခတ်အမွှေးအကြိုင်ရနံ့ သင်းနေသော ရိုးရှင်းတဲ့ ရှမ်းငါးပေါင်း စားသုံးလို့ရပါပြီ ။
Credit: ဟင်းချက်နည်းများ