ပါဝင်ပစ္စည်းများ

ပဲပြား

ဂေါ်ဖီထုပ်

ရှောက်ရွက်

သံပုရာသီး(သို့)ရှောက်သီး

ငရုတ်သီးစိမ်း

ပုစွန်ခြောက်မှုန့်

ကြက်သွန်ဖြူကြော်

ငါးငံပြာရည်(သို့) ဆား

ပြုလုပ်နည်း

ပဲပြားတွေကို အလယ်ကနေ တြိဂံပုံ အရင်လှီးပါ။ ရလာတဲ့ တြိဂံပုံ အတုံးကို အလယ်ကနေ နှစ်ခု ဖြစ်အောင် လှီးပါ။ (ပဲပြားတတုံးကို တြိဂံပုံ ၄တုံး ရပါတယ်) ပြီးလျှင် အပေါက်ပါတဲ့ ဇကာထဲ ထည့်ပြီး ၃နာရီလောက် ရေစစ်ထားပါ။

ဒယ်အိုးထဲ ဆီများများ ထည့်ပြီး ပဲပြားတွေကို ထည့်ကြော်ပါ။ အပေါ်ခွံ တဖက်ကျက်မှ နောက်တဖက် ပြောင်းပါ။ ပြီးလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။

ကြက်သွန်ဖြူ အမွှာသေးတွေကို ကြော် အဖတ်ချည်းပဲ ဆယ်ယူပြီး ဆီစစ်ထားပါ။ ဂေါ်ဖီထုပ်နှင့် ရှောက်ရွက်ကို အပါးဆုံး လှီးပါ။ ငရုတ်သီးစိမ်းကို ညှပ်ထားပါ။ သံပုရာသီး (သို့) ရှောက်သီးကို အမွှာလေးတွေ ဖြစ်အောင် လုပ်ထားပါ။

ပဲပြားကြော်ကို အလယ်ကနေ ကတ်ကျေးနှင့် ညှပ်လိုက်လျှင် အိတ်ပုံလေး ဖြစ်သွားပြီ အစာစသိပ်လို့ရပါပြီ။

အဲဒီ ပဲပြားကြော် အိတ်ထဲကို ပုစွန်ခြောက်မှုန့်၊ သံပုရာသီးအမွှာ၊ ဂေါ်ဖီ၊ရှောက်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ ကြော်တို့ထည့်ပြီး မြည်းကြည့်ပါ။

တကယ်လို့အငန်ပေါ့နေတယ်ဆို နောက်တခုမှာ ငါးငံပြာရည်(သို့) ဆား ထည့်ပါ။

** ငါးဖယ်ကို ကြော်ပြီး ဒီအတိုင်း အစာသိပ်ရင်လည်း စားမလောက်ပါပဲ။

Credit: KaeKae’s FoodPalace