Microwave နဲ့ ချက်လို့ မရလောက်ဘူးထင်ထားတဲ့ အစားအစာတွေ ရှိပါတယ်။ မုန့်တွေ ပေါင်းရုံ၊ ဟင်းနွှေးရုံ တစ်ချို့ကလည်း သုံးကြပါတယ်။ သင်မျှော်လင့် မထားတဲ့ အစားအစာ ၅မျိုးက မိုက်ခရိုဝေ့ဖ်နဲ့ ချက်လို့ ရနေပါတယ်။

၁။ ငါး

Salmon

ငါးတွေကို မိုက်ခရိုဝေ့ဖ်နဲ့ ကောင်းကောင်း ချက်ပြုတ်လို့ ရပါတယ်။ မိုက်ခရိုဝေ့ဖ်သုံး ပလပ်စတစ်နဲ့ အရသာ နယ်ထားတဲ့ ငါးကို ပတ်ပြီး ၂မိနစ်လောက် အပူချိန် အမြင့်နဲ့ ထားရင် ငါးတွေက ကောင်းကောင်း စားလို့ ရပါပြီ။ အချိန်ကတော့ မိုက်ခရိုဝေ့ဖ် အပူချိန်နဲ့ ချက်မယ့်ငါးအပေါ်မှာ မူတည်ပါတယ်။ အထဲကို ငါးထည့်ထားပြီဆိုရင်တော့ အနားက မခွာပါနဲ့။

၂။ အာလူးကြော်

မိုက်ခရိုဝေ့ဖ်နဲ့ အာလူးကြော်လို့ ရတယ်ဆိုရင် သင် ယုံချင်မှ ယုံပါလိမ့်မယ်။ ဒါပေမယ့် ဒါကတော့ တကယ်ပါ။ အာလူးတွေကို ပါးပါးလှီးပြီး အရသာ နယ်ထားပါ။ အာလူးကြော်တွေ တူးသွားတယ်ဆိုတာ မရှိစေနိုင်တဲ့ အတွက် ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေပါတယ်။

၃။ ဟင်းရွက်တွေ ပြုတ်ပါ

ဟင်းရွက်တွေကို မိုက်ခရိုဝေ့ဖ်ထဲမှာ ထည့်ပြီး ပြုတ်လို့ ရပါတယ်။ လွယ်ကူရုံသာမက ကျန်းမာရေး အချက်အရ ပိုပြီး ကောင်းပါတယ်။ ရေနဲ့ အကြာကြီးပြုတ်ချက်ရတဲ့ အခါ အသီးအရွက်တွေဟာ ဗီတာမင်စီ၊ ဘီနဲ့ တခြား သတ္တုဓာတ်တွေ လျှော့နည်းသွားတတ်ပါတယ်။ မိုက်ခရိုဝေ့ဖ်ကတော့ မြန်ဆန်တဲ့ အတွက် အာဟာရတွေ အများကြီး လျှော့မသွားနိုင်ပါဘူး။

၄။ သကြားတွေ ခဲနေရင်

brownsugar
တခါတလေ မုန့်လုပ် သကြားညိုတွေဟာ ကျောက်ခဲတွေလို မာကျောပြီး ခဲနေတတ်ပါတယ်။ စက္ကူနဲ့ ထုပ်ပြီး  ပန်းကန်လုံးထဲ ထည့်ပါ။ မိုက်ခရိုဝေ့ဖ်ထဲ စက္ကန့် ၂၀လောက် ထားလိုက်ရင် နူးညံ့တဲ့ သကြားတွေ ပြန်ရပါမယ်။

၅။ ဝက်သားဆားနယ်ခြောက်ကို ချက်မယ်

မနက်စာ အတွက်ပဲ ဖြစ်ဖြစ် လွယ်လွယ်ကူကူ အသားကို ချက်ချင်ရင် ဖြစ်ဖြစ် ဝက်သားဆားနယ်ခြောက်တွေကို မိုက်ခရိုဝေ့ဖ်နဲ့ အမြန်ချက်လို့ ရပါတယ်။ ဝက်သားခြောက်ကို မိုက်ခရိုဝေ့ဖ်အတွက် သုံးလို့ ရမယ့် ပန်းကန်တစ်ခုပေါ်မှာ စက္ကူခင်းပြီး ဝက်သားခြောက်တွေကို ထည့်ပါ။ အပေါ်ကနေ စက္ကူနဲ့ တစ်ထပ် ပြန်ဖုံးပေးပါ။ ၂မိနစ်လောက် ချက်ရင် ကြွပ်ရွတဲ့ ဝက်သားခြောက်ကို စားလို့ ရပါပြီ။

Credit: eatingwell