ဖွားဖွားရှိစဉ်ကတော့ မနက်အစော မနက်စာကို ဘယာကြော်ပူပူလေးနဲ့ ထမင်းပူပူလေးကို အကြော်က ပိုတဲ့ ဆီလေးနဲ့ ဆမ်းပြီး လုပ်ကျွေးတယ် ။ အချဉ်ကလည်း ကိုယ်တိုင်လုပ်ထားတော့ သိမ့်အရသာရှိတာပေါ့ ။ ဘယာကြော် ပူပူလေးတွေ မြင်တိုင် အဖွားကို သတိရမိလို့ My Food မိတ်ဆွေတို့ကို ပြန်ရှယ်လိုက်ပါတယ်နော် ။
ပါဝင်ပစ္စည်းများ
- မွှေးဘယာကြော်မှုန့်ထုပ် – တစ်ထုပ်
- ဆား
- ကြက်သားမှုန့်
- ဆနွင်းမှုန့်အနည်းငယ်
- ဆော်ဒါအနည်းငယ်
- ထမင်းကြမ်းကွမ်းသီးလုံးခန့်
- ပဲစိမ်းမှုန့်တဇွန်း
- ကြက်သွန်နီ
- ငြုတ်သီးစိမ်း
- ပျဉ်းတော်သိမ်းရွက်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- မွှေးဘယာကြော်မှုန့် တစ်ထုပ်ကို ရေလေးနဲ့ နယ်ပြီး တစ်နာရီလောက် နှပ်ထားပါ။ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်အနည်းငယ်၊ ဆော်ဒါအနည်းငယ်၊ ထမင်းကြမ်းကွမ်းသီးလုံးခန့် (ထမင်းက အကြော်ကိုကြွပ်စေပါတယ်)။ ပဲစိမ်းမှုန့်တဇွန်းထည့်ပြီး နယ်ပါ။
- ကြက်သွန်နီ ၊ ငြုတ်သီးစိမ်း ၊ ပျဉ်းတော်သိမ်းပါးပါးလှီးထည့်ပါ။ ဆီပူပူမှာ နှစ်သက်ရာအရွယ် လုပ်ကြော်ပါ။ တဘက်သို့ လှန်ကြော်ပေးပါ။ အရောင်လေးရဲလာလျှင် ဆယ်လို့ရပါပြီ။
အချဉ်ရေပြုလုပ်ဖို့ ငြုတ်သီးစိမ်ကို ရေအနည်းငယ်ထည့်ပြုတ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံပင်ထည့်ထောင်းပါ။ ပြီးမှ မန်ကျည်းရေ၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်ထည့် ဖျော်စပ်ပြီးလျှင် အချဉ်ရေလေး ရပါပြီ။
Credit: ချက်မယ် စားမယ်