ဖွားဖွားရှိစဉ်ကတော့ မနက်အစော မနက်စာကို ဘယာကြော်ပူပူလေးနဲ့ ထမင်းပူပူလေးကို အကြော်က ပိုတဲ့ ဆီလေးနဲ့ ဆမ်းပြီး လုပ်ကျွေးတယ် ။ အချဉ်ကလည်း ကိုယ်တိုင်လုပ်ထားတော့ သိမ့်အရသာရှိတာပေါ့ ။ ဘယာကြော် ပူပူလေးတွေ မြင်တိုင် အဖွားကို သတိရမိလို့ My Food မိတ်ဆွေတို့ကို ပြန်ရှယ်လိုက်ပါတယ်နော် ။

ပါဝင်ပစ္စည်းများ

  • မွှေးဘယာကြော်မှုန့်ထုပ် – တစ်ထုပ်
  • ဆား
  • ကြက်သားမှုန့်
  • ဆနွင်းမှုန့်အနည်းငယ်
  • ဆော်ဒါအနည်းငယ်
  • ထမင်းကြမ်းကွမ်းသီးလုံးခန့်
  • ပဲစိမ်းမှုန့်တဇွန်း
  • ကြက်သွန်နီ
  • ငြုတ်သီးစိမ်း
  • ပျဉ်းတော်သိမ်းရွက်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. မွှေးဘယာကြော်မှုန့် တစ်ထုပ်ကို ရေလေးနဲ့ နယ်ပြီး တစ်နာရီလောက် နှပ်ထားပါ။ ဆား၊ ကြက်သားမှုန့်၊ ဆနွင်းမှုန့်အနည်းငယ်၊ ဆော်ဒါအနည်းငယ်၊ ထမင်းကြမ်းကွမ်းသီးလုံးခန့် (ထမင်းက အကြော်ကိုကြွပ်စေပါတယ်)။ ပဲစိမ်းမှုန့်တဇွန်းထည့်ပြီး နယ်ပါ။
  2. ကြက်သွန်နီ ၊ ငြုတ်သီးစိမ်း ၊ ပျဉ်းတော်သိမ်းပါးပါးလှီးထည့်ပါ။ ဆီပူပူမှာ နှစ်သက်ရာအရွယ် လုပ်ကြော်ပါ။ တဘက်သို့ လှန်ကြော်ပေးပါ။ အရောင်လေးရဲလာလျှင် ဆယ်လို့ရပါပြီ။

အချဉ်ရေပြုလုပ်ဖို့ ငြုတ်သီးစိမ်ကို ရေအနည်းငယ်ထည့်ပြုတ်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံပင်ထည့်ထောင်းပါ။ ပြီးမှ မန်ကျည်းရေ၊ သကြား၊ ကြက်သားမှုန့်၊ ငံပြာရည်ထည့် ဖျော်စပ်ပြီးလျှင် အချဉ်ရေလေး ရပါပြီ။

Credit: ချက်မယ် စားမယ်