(Zawgyi Version)

မီးဖိုေခ်ာင္နဲ႔ပတ္သက္ၿပီး တစ္ခါတစ္ေလမွာ ႀကံဳေတြ႔ရတတ္တဲ့ ျပႆနာေလးေတြရွိပါတယ္။ ဒီလိုျပႆနာေတြကို လြယ္လြယ္ကူကူနဲ႔ေျဖရွင္းႏိုင္ဖို႔အတြက္ အိမ္ရွင္မတိုင္းသိထားဖို႔လိုမယ့္ အခ်က္ေတြကို မွ်ေဝေပးလိုက္ပါတယ္။

ပန္းကန္ေတြ၊ အိုးေတြမွာ ဟင္းဂ်ိဳးေတြကပ္ေနရင္ ေရေႏြးတည္ဖို႔ ေရတစ္ဝက္ေလာက္ထည့္ၿပီး ရွာလကာရည္ နည္းနည္းထည့္ၿပီး တည္ထားပါ။ ေရေႏြးပြက္ပြက္ဆူၿပီဆိုရင္ ဂ်ိဳးကပ္ေနတဲ့ ပန္းကန္၊ အိုးေပၚကို ေလာင္းခ်လိုက္ပါ။ ဒါဆိုရင္ေတာ့ ေျပာင္စင္သြားတာကို ေတြ႔ရပါလိမ့္မယ္။

ေကာ္ဘူးေတြနံေနရင္ ေကာ္ဘူးထဲကို ေပါင္မုန္႔ တစ္ခ်ပ္ထည့္ပါ။ ေပါင္မုန္႔ေပၚကို ရွာလကာရည္ နည္းနည္းေလာင္းခ်လိုက္ပါ။ ၿပီးရင္ အဖံုးပိတ္ၿပီး အခ်ိန္ၾကာေအာင္ထားထားပါ။ ေပါင္မုန္႔ကိုဖယ္ထုတ္ၿပီး ေကာ္ဘူးကို ေရေဆးခ်လိုက္တာနဲ႔ အနံ႔ေတြလံုးဝရွိေတာ့မွာ မဟုတ္ပါဘူး။

ဟင္းခ်က္လို႔အေပၚယံမွာ ဆီေတြေဝ့ေနရင္ ေယာက္ခ်ိဳဇြန္းထဲကို ေရခဲတံုးေတြထည့္ပါ။ ၿပီးရင္ အေပၚယံအဆီေဝ့ေနတဲ့အေပၚကို အဲ့ဒီဇြန္းေလးတင္ၿပီး ဟိုဘက္ေဝ့၊ ဒီဘက္ေဝ့လုပ္လိုက္ရံုနဲ႔ အဆီေတြ ဇြန္းမွာကပ္ပါလာပါလိမ့္မယ္။

ထမင္းခ်က္ရင္ ေရထည့္တာမ်ားသြားလို႔ ထမင္းေပ်ာ့သြားတာမ်ိဳး ျဖစ္တဲ့အခါ ေပါင္မုန္႔တစ္ခ်ပ္ ထည့္ၿပီး အဖံုးျပန္ပိတ္ကာ တည္ထားလိုက္ပါ။ ခဏေနလို႔ဖြင့္ၾကည့္လိုက္ရင္ ထမင္းအရမ္းမေပ်ာ့ေတာ့တာကို ေတြ႔ရပါလိမ့္မယ္။

Photo Source: www.blossom.com

(Unicode Version)

မီးဖိုချောင်နဲ့ပတ်သက်ပြီး တစ်ခါတစ်လေမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာလေးတွေရှိပါတယ်။ ဒီလိုပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ဖြေရှင်းနိုင်ဖို့အတွက် အိမ်ရှင်မတိုင်းသိထားဖို့လိုမယ့် အချက်တွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းကန်တွေ၊ အိုးတွေမှာ ဟင်းဂျိုးတွေကပ်နေရင် ရေနွေးတည်ဖို့ ရေတစ်ဝက်လောက်ထည့်ပြီး ရှာလကာရည် နည်းနည်းထည့်ပြီး တည်ထားပါ။ ရေနွေးပွက်ပွက်ဆူပြီဆိုရင် ဂျိုးကပ်နေတဲ့ ပန်းကန်၊ အိုးပေါ်ကို လောင်းချလိုက်ပါ။ ဒါဆိုရင်တော့ ပြောင်စင်သွားတာကို တွေ့ရပါလိမ့်မယ်။

ကော်ဘူးတွေနံနေရင် ကော်ဘူးထဲကို ပေါင်မုန့် တစ်ချပ်ထည့်ပါ။ ပေါင်မုန့်ပေါ်ကို ရှာလကာရည် နည်းနည်းလောင်းချလိုက်ပါ။ ပြီးရင် အဖုံးပိတ်ပြီး အချိန်ကြာအောင်ထားထားပါ။ ပေါင်မုန့်ကိုဖယ်ထုတ်ပြီး ကော်ဘူးကို ရေဆေးချလိုက်တာနဲ့ အနံ့တွေလုံးဝရှိတော့မှာ မဟုတ်ပါဘူး။

ဟင်းချက်လို့အပေါ်ယံမှာ ဆီတွေဝေ့နေရင် ယောက်ချိုဇွန်းထဲကို ရေခဲတုံးတွေထည့်ပါ။ ပြီးရင် အပေါ်ယံအဆီဝေ့နေတဲ့အပေါ်ကို အဲ့ဒီဇွန်းလေးတင်ပြီး ဟိုဘက်ဝေ့၊ ဒီဘက်ဝေ့လုပ်လိုက်ရုံနဲ့ အဆီတွေ ဇွန်းမှာကပ်ပါလာပါလိမ့်မယ်။

ထမင်းချက်ရင် ရေထည့်တာများသွားလို့ ထမင်းပျော့သွားတာမျိုး ဖြစ်တဲ့အခါ ပေါင်မုန့်တစ်ချပ် ထည့်ပြီး အဖုံးပြန်ပိတ်ကာ တည်ထားလိုက်ပါ။ ခဏနေလို့ဖွင့်ကြည့်လိုက်ရင် ထမင်းအရမ်းမပျော့တော့တာကို တွေ့ရပါလိမ့်မယ်။

Photo Source: www.blossom.com