[Unicode]

အားလုံးပဲမင်္ဂလာပါ။ကိုရီယားဇာတ်လမ်းတွေထဲမှာအမြဲလိုလိုမြင်တွေ့ရလေ့ရှိတဲ့ ဂျင်ဆင်းကြက်စွတ်ပြုတ်လေးကို အိမ်မှာကိုယ်တိုင် လွယ်လွယ်ကူကူချက်စားနိုင်မယ့် နည်းလမ်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက် ၁ ကောင်
  • ရှမ်းဆန် ၁ လုံး
  • ဂျင်ဆင်းအမြစ် ၁ ခု
  • ကြက်သွန်ဖြူ ၈ တက်
  • ကြက်သွန်မြိတ် ၃ ပင်
  • တရုတ်ဆီးသီးခြောက် ၂ လုံး
  • ဆားအနည်းငယ်
  • ငရုပ်ကောင်း ၁ ဇွန်း
  • နှမ်းစေ့ ၂ ဇွန်း
  • ရေ
  • နှမ်းဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်တစ်ကောင်လုံးကို ရေဆေးသန့်စင်ပြီး အတွင်းကလီစာနဲ့ ကြက်အရေပြားပေါ်မှာရှိတဲ့ အဆီဖုလေးတွေကိုဖယ်ရှားသန့်စင်ပေးပါ။ထို့နောက်ရှမ်းဆန်ကို၁နာ ရီခန့်ရေစိမ်ထားပေးပါ။ထို့နည်းအတူဂျင်ဆင်းအမြစ်ကိုလည်း ရေဆေးသန့်စင်ထားပါ။

(၂) ထို့နောက်ဇလုံတစ်ခုအတွင်း ဆားအနည်းငယ် ငရုပ်ကောင်း နှမ်းစေ့နဲ့ နှမ်းဆီတို့ကိုရောထည့်ပြီး ကောင်းစွာမွှေပေးပါ။ အဆိုပါအရသာအနှစ်ကို အတွင်းကလီစာတွေထုတ်ထားတဲ့ကြက်ရဲ့ဝမ်းဗိုက်အတွင်းအနှံ့သုတ်လိမ်းပေးပါ။ဆက်လက်ပြီး ခုနကရေစိမ်ထားတဲ့ရှမ်းဆန်ကိုရေစစ်ထားပေးပါ။

(၃) ပြီးရင်တော့ကြက်ရဲ့ဝမ်းဗိုက်အတွင်းထဲသို့ ရေစစ်ထားတဲ့ဆန်လေးတွေကိုထည့်ပေးပါ။ထို့နောက် ဂျင်းဆင်းတစ်မြစ် တရုတ်ဆီးသီးခြောက် ၂ လုံး ကြက်သွန်ဖြူ ၈ တက်တို့ကိုလည်း ကြက်ရဲ့ဝမ်းဗိုက်အတွင်ထပ်ထည့်ပေးပါ။ပြီးရင်တော့ ရေခဲသေတ္တာ အတွင်း ၁၅ မိနစ်ခန့် နှပ်ထားပေးပါ။

(၄) ကြက်သားနှပ်ထားစဉ်အတွင်း အိုးတစ်ခုဖြင့်ရေနွေးတည်ထားပေးပါ။ရေနွေးဆူလာပြီဆိုရင်တော့ အိုးအတွင်းသို့ကြက်တစ်ကောင်လုံးထည့်ပြီး မိနစ် ၃၀ ခန့် အဖုံးအုပ်ကာပြုတ်ထားပေးပါ။အချိန်စေ့ပြီဆိုရင်တော့ ရေအနည်းငယ်ထပ်ထည့်ပြီး ကြက်သားနဲ့ ဂျင်ဆင်းဆို့နူးအိသွားတဲ့အထိ မီးခပ်အးအေးနဲ့ နောက်ထပ် မိနစ် ၄၀ ခန့်ထပ်ပြုတ်ပေးထားပါ။

(၅) မိနစ် ၄၀ ပြည့်ပြီဆိုရင်တော့ ဂျင်ဆင်းအနံ့မွှေးမွှေးလေး အရသာပူပူစပ်စပ်လေးနဲ့ စွတ်ပြုတ်အရည်လေးသောက်လိုက်တာနဲ့ ချက်ချင်းအားအင်ပြည့်ဝလန်းဆန်းသွားစေမယ့် ကိုရီယားစတိုင်ဂျင်ဆင်းကြက်စွတ်ပြုတ်လေးရပါပြီ။မိမိကြိုက်နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ပြီး ငရုပ်ကောင်းအနည်းငယ် ကြက်သွန်မြိတ်လေးအုပ်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source : asianfoodnetwork

[Zawgyi]

အားလုံးပဲမဂၤလာပါ။ကိုရီယားဇာတ္လမ္းေတြထဲမွာအၿမဲလိုလိုျမင္ေတြ႕ရေလ့ရွိတဲ့ ဂ်င္ဆင္းၾကက္စြတ္ျပဳတ္ေလးကို အိမ္မွာကိုယ္တိုင္ လြယ္လြယ္ကူကူခ်က္စားႏိုင္မယ့္ နည္းလမ္းေလးမွ်ေဝေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ၾကက္ ၁ ေကာင္
  • ရွမ္းဆန္ ၁ လုံး
  • ဂ်င္ဆင္းအျမစ္ ၁ ခု
  • ၾကက္သြန္ျဖဴ ၈ တက္
  • ၾကက္သြန္ၿမိတ္ ၃ ပင္
  • တ႐ုတ္ဆီးသီးေျခာက္ ၂ လုံး
  • ဆားအနည္းငယ္
  • င႐ုပ္ေကာင္း ၁ ဇြန္း
  • ႏွမ္းေစ့ ၂ ဇြန္း
  • ေရ
  • ႏွမ္းဆီ

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) အရင္ဆုံးၾကက္တစ္ေကာင္လုံးကို ေရေဆးသန႔္စင္ၿပီး အတြင္းကလီစာနဲ႔ ၾကက္အေရျပားေပၚမွာရွိတဲ့ အဆီဖုေလးေတြကိုဖယ္ရွားသန႔္စင္ေပးပါ။ထို႔ေနာက္ရွမ္းဆန္ကို၁နာ ရီခန႔္ေရစိမ္ထားေပးပါ။ထို႔နည္းအတူဂ်င္ဆင္းအျမစ္ကိုလည္း ေရေဆးသန႔္စင္ထားပါ။

(၂) ထို႔ေနာက္ဇလုံတစ္ခုအတြင္း ဆားအနည္းငယ္ င႐ုပ္ေကာင္း ႏွမ္းေစ့နဲ႔ ႏွမ္းဆီတို႔ကိုေရာထည့္ၿပီး ေကာင္းစြာေမႊေပးပါ။ အဆိုပါအရသာအႏွစ္ကို အတြင္းကလီစာေတြထုတ္ထားတဲ့ၾကက္ရဲ႕ဝမ္းဗိုက္အတြင္းအႏွံ႔သုတ္လိမ္းေပးပါ။ဆက္လက္ၿပီး ခုနကေရစိမ္ထားတဲ့ရွမ္းဆန္ကိုေရစစ္ထားေပးပါ။

(၃) ၿပီးရင္ေတာ့ၾကက္ရဲ႕ဝမ္းဗိုက္အတြင္းထဲသို႔ ေရစစ္ထားတဲ့ဆန္ေလးေတြကိုထည့္ေပးပါ။ထို႔ေနာက္ ဂ်င္းဆင္းတစ္ျမစ္ တ႐ုတ္ဆီးသီးေျခာက္ ၂ လုံး ၾကက္သြန္ျဖဴ ၈ တက္တို႔ကိုလည္း ၾကက္ရဲ႕ဝမ္းဗိုက္အတြင္ထပ္ထည့္ေပးပါ။ၿပီးရင္ေတာ့ ေရခဲေသတၱာ အတြင္း ၁၅ မိနစ္ခန႔္ ႏွပ္ထားေပးပါ။

(၄) ၾကက္သားႏွပ္ထားစဥ္အတြင္း အိုးတစ္ခုျဖင့္ေရေႏြးတည္ထားေပးပါ။ေရေႏြးဆူလာၿပီဆိုရင္ေတာ့ အိုးအတြင္းသို႔ၾကက္တစ္ေကာင္လုံးထည့္ၿပီး မိနစ္ ၃၀ ခန႔္ အဖုံးအုပ္ကာျပဳတ္ထားေပးပါ။အခ်ိန္ေစ့ၿပီဆိုရင္ေတာ့ ေရအနည္းငယ္ထပ္ထည့္ၿပီး ၾကက္သားနဲ႔ ဂ်င္ဆင္းဆို႔ႏူးအိသြားတဲ့အထိ မီးခပ္အးေအးနဲ႔ ေနာက္ထပ္ မိနစ္ ၄၀ ခန႔္ထပ္ျပဳတ္ေပးထားပါ။

(၅) မိနစ္ ၄၀ ျပည့္ၿပီဆိုရင္ေတာ့ ဂ်င္ဆင္းအနံ႔ေမႊးေမႊးေလး အရသာပူပူစပ္စပ္ေလးနဲ႔ စြတ္ျပဳတ္အရည္ေလးေသာက္လိုက္တာနဲ႔ ခ်က္ခ်င္းအားအင္ျပည့္ဝလန္းဆန္းသြားေစမယ့္ ကိုရီယားစတိုင္ဂ်င္ဆင္းၾကက္စြတ္ျပဳတ္ေလးရပါၿပီ။မိမိႀကိဳက္ႏွစ္သက္ရာပန္းကန္တစ္ခုအတြင္းထည့္ၿပီး င႐ုပ္ေကာင္းအနည္းငယ္ ၾကက္သြန္ၿမိတ္ေလးအုပ္ကာ အရသာရွိရွိသုံးေဆာင္ႏိုင္ပါၿပီ။

Source : asianfoodnetwork