နေ့လည်စာ စားပြီး ရွှေထမင်းလေးနဲ့ အချိုတည်းလို့ ရအောင် ရွှေထမင်း အလွယ်တကူလုပ်စားတဲ့နည်းလေးပါ ။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းဆန်အဖြူ – ဆန်ချိန်ခွက် ၂ခွက်
- ထန်းညက်ခဲ – ၁၅ခဲ (အမဲရောင်ဆိုလျှင် ပိုကောင်းပါသည်)
- အုန်းနို့ရည် – ၂၀၀ml (Readymade ဗူးသေးတဗူး)
- သကြား – ထမင်းစားဇွန်း ၁ဇွန်း
- ဆား – ဇွန်းသေး ၁ဇွန်း
- ရေ – ဆန်ချိန်ခွက် ၃ခွက်
ပြင်ဆင်ပြုလုပ်နည်း
ကောက်ညှင်းဆန်ကို ရေဆေးပြီး ရေ ဆန်ချိန်ခွက် ၃ခွက်ထည့်ပြီး ၂နာရီလောက် ရေစိမ်ပါ။ ထန်းညက်ခဲတွေကို ရေအရင် စိမ်ထားပါ။ ပြီးလျှင် ရေစစ်ဖြင့် စစ်ပြီး ညောင်စေးကျအောင် ကျိုထားပါ။
စိမ်ထားတဲ့ ကောက်ညှင်းဆန်ထဲကို သကြား ၊ ဆား ထည့်ပြီး rice cooker နဲ့ပဲ အလွယ်ချက်ပါ။ ၃မိနစ်ခန့်ကြာလျှင် ကောက်ညှင်းဆန်ကို အပေါ်အောက်မွှေပေးပြီး ဆက်တည်ပါ။
နောက် ၃မိနစ်ခန့်ကြာလျှင် ထန်းညက်ရည်နှင့် အုန်းနို့ရည်တို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။ (သတိ-အပူလောင်တတ်သည်) ပြီးလျှင် မီးခလုတ်ပိတ်ပြီး အပူရှိန်ဖြင့် ၂မိနစ် နှပ်ထားပါ။
မုန့်ဗန်း (သို့) ဇောက်နက်တဲ့ပန်းကန်ထဲ ထည့်ပြီး ပေါင်းအိုး ဖြင့် ၁၅~၃၀ မိနစ်ခန့် ထည့်ပေါင်းပါ။ အပေါ်မှ အဖုံးဖုံးထားရပါမည်။ အနံ့အရသာနဲ့ပြည့်စုံသော ရွှေထမင်းကို အုန်းသီးဇွန်းခြစ် (သို့) အုန်းနို့ရည်နှင့် စားလို့ရပါပြီ။ သွေးတိုး ၊ ဆီးချို ရှိသူများနှင့် လုံးဝမတည့်ပါ။
Credit: KaeKae’s FoodPalace<