ဖောင် Pla Pao ปลาเผา ပြုလုပ်နည်း ဖြစ်ပါတယ်။ အကြေးခွံ ရှိပြီး အရိုး မများသည့် မိမိနှစ်သက်ရာ မည်သည့်ငါးမဆို ပြုလုပ်နိုင်ပါတယ်။ အနှစ်သက်ဆုံး အရသာ အရှိဆုံးက ငါးရံ့နှင့်ဇလားဘီးယား တို့ဖြစ်ပါတယ် ။
ပါဝင်ပစ္စည်းများ (ငါး ဆားမီးကင် အတွက် လိုအပ်သည့့်ပစ္စည်းများ)
- မီးသွေး မီးဖို – တစ်ခု
- ဆား – ၃၀ ကျပ်သား
- စပါး လင် – ၅ ခု
- ရှောက်ရွက် – အနည်း ငယ် (၅ ရွက်)
ပြုလုပ်နည်း
- ငါးကို ရေ စင်အောင် ဆေး ပြီး ဝမ်းဗိုက်ကို ဖောက် ပြီး အညစ်အကြေးများကို သန့်စင် ပါ ။
- သန့်စင်ပြီးလျင် ငါးပါးစပ် အတွင်း စပါးလင် နှင့်ရှောက်ရွက်ကို ငါးဝမ်းဗိုက် ထဲသို့ထိုးထည့်ပေးပါ ။
- ထို့နောက် ဆားများကို ဝမ်းဗိုက် အတွင်း သို့မဝင်အောင် သတိထား ပြီး သုတ်လိမ်းကာ မီးကင်ရမည် ။
- မိမိ မီးသွေးပေါ် မူတည်ပြီး ချိန်ဆရပါမည် ။
- ဆားများ နီရဲလာသော အခါ ငါးကြက်ပြီ ဖြစ်ပါသည် ။
- ပုံမှန် အားဖြင့် မီးအေးအေးဖြင့်ကင်ပါက မိနစ် ၄၀ ခန့်ကြာပါသည်။ ( မှတ်ချက် ) ငါး အကြေးခွံ များကို မခွါရပါ ။ ၎င်းအကြေးခွံ များမှ ဆား များကို ငါးအသား ထဲသို ့ မဝင်ရန် ကာကွယ်ပေး ခြင်းဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ (ငါး ဆားမီးကင် နှင့်တွဲဘက် စားဖို့အတွက် နန်းကျင်း Nam Jim น้ำจิ้ม ပြုလုပ်နည်း )
- သံပုရာသီး – ၆ ဇွန်း ( စားပွဲတင်ဇွန်း)
- ရေ – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- ငံပြာရည် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- ဆား – ဇွန်း ဝက် (လဘ္ဖက်ရည်ဇွန်း)
- ကြက်သွန် ဖြူ – ၁၅ မွှာ
- ငြုပ်သီး – ၁၅ တောင့်
ပြုလုပ်နည်း
ငြုပ်သီး ၊ ကြက်သွန်ဖြူ တို့ကို ငရုတ်ဆုံတွင် ညက်အောင် ထောင်းပြီး ပန်းကန်ထဲသို့ထည့်ကာ ဖော်ပြပါ အချိုးအစားအတိုင်း အရသာရှိရှိ သုံးဆောင်နိုင်ပါသည် ။ မည်သည့် အကင် အမျိုးမျိုး နှင့်မဆို အရသာ ရှိရှိ တွဲဘက် စားသုံးနိုင်ပါသည်။
Credit: ဘန်ကောက်လမ်းညွန်-ကိုစိုင်း
Ericmoon