ဖောင် Pla Pao ปลาเผา ပြုလုပ်နည်း ဖြစ်ပါတယ်။ အကြေးခွံ ရှိပြီး အရိုး မများသည့် မိမိနှစ်သက်ရာ မည်သည့်ငါးမဆို ပြုလုပ်နိုင်ပါတယ်။ အနှစ်သက်ဆုံး အရသာ အရှိဆုံးက ငါးရံ့နှင့်ဇလားဘီးယား တို့ဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ  (ငါး ဆားမီးကင် အတွက် လိုအပ်သည့့်ပစ္စည်းများ)

  • မီးသွေး မီးဖို   –  တစ်ခု
  • ဆား   –  ၃၀ ကျပ်သား
  • စပါး လင်   –  ၅ ခု
  • ရှောက်ရွက်   –  အနည်း ငယ် (၅ ရွက်)

1

ပြုလုပ်နည်း

  1.  ငါးကို ရေ စင်အောင် ဆေး ပြီး ဝမ်းဗိုက်ကို ဖောက် ပြီး အညစ်အကြေးများကို သန့်စင် ပါ ။
  2.  သန့်စင်ပြီးလျင် ငါးပါးစပ် အတွင်း  စပါးလင် နှင့်ရှောက်ရွက်ကို  ငါးဝမ်းဗိုက် ထဲသို့ထိုးထည့်ပေးပါ ။
  3. ထို့နောက် ဆားများကို ဝမ်းဗိုက် အတွင်း သို့မဝင်အောင် သတိထား ပြီး သုတ်လိမ်းကာ မီးကင်ရမည် ။
  4. မိမိ မီးသွေးပေါ် မူတည်ပြီး ချိန်ဆရပါမည် ။
  5. ဆားများ နီရဲလာသော အခါ ငါးကြက်ပြီ ဖြစ်ပါသည် ။
  6. ပုံမှန် အားဖြင့် မီးအေးအေးဖြင့်ကင်ပါက မိနစ် ၄၀ ခန့်ကြာပါသည်။ ( မှတ်ချက် ) ငါး အကြေးခွံ များကို မခွါရပါ ။  ၎င်းအကြေးခွံ များမှ ဆား များကို ငါးအသား ထဲသို ့ မဝင်ရန် ကာကွယ်ပေး ခြင်းဖြစ်ပါသည်။

1

ပါဝင်ပစ္စည်းများ (ငါး ဆားမီးကင် နှင့်တွဲဘက် စားဖို့အတွက် နန်းကျင်း Nam Jim น้ำจิ้ม ပြုလုပ်နည်း )

  • သံပုရာသီး   –   ၆ ဇွန်း ( စားပွဲတင်ဇွန်း)
  •  ရေ    –  ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည်   –  ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား    –  ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆား   –  ဇွန်း ဝက် (လဘ္ဖက်ရည်ဇွန်း)
  • ကြက်သွန် ဖြူ   –  ၁၅ မွှာ
  • ငြုပ်သီး   –  ၁၅ တောင့်

ပြုလုပ်နည်း

ငြုပ်သီး ၊ ကြက်သွန်ဖြူ တို့ကို ငရုတ်ဆုံတွင် ညက်အောင် ထောင်းပြီး ပန်းကန်ထဲသို့ထည့်ကာ ဖော်ပြပါ အချိုးအစားအတိုင်း အရသာရှိရှိ သုံးဆောင်နိုင်ပါသည် ။  မည်သည့် အကင် အမျိုးမျိုး နှင့်မဆို အရသာ ရှိရှိ တွဲဘက် စားသုံးနိုင်ပါသည်။

Credit: ဘန်ကောက်လမ်းညွန်-ကိုစိုင်း
Ericmoon‬