အညာမှာ ဘုရားပွဲ ရှိတိုင်း အိမ်မှာ အလွယ်တကူ ဆီသန့်သန့် ၊ အရသာမှုန့် ၊ အချိုမူန့် ၊ ဆော်ဒါမှုန့် ကင်းကင်းနဲ့ ကြော်စား ဖြစ်တာလေးပါရှင် ။
ပါဝင်ပစ္စည်းများ
- ကုလားပဲ အစိမ်းမှုန့် – ၃ ဗူး (နို့ဆီဗူး)
- ရေ – ၁ ဗူး (နို့ဆီဗူး)
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- ဆီ – ၅ ဇွန်း (လက်ဖက်ရည်ဇွန်း)
ပြုလုပ်နည်း
- ကုလားပဲမှုန့် လေးများကို အလယ်မှာ တွင်းလေး ဖြစ်အောင် လုပ်ပြီး တွင်းလေးထဲသို့ ရေဖြေးညင်းစွာ လောင်းထည့်ကာ အခဲလေးများ မဖြစ်အောင် သေချာ မွှေပေးပါ။
- ရေကို အားလုံး မထည့်ပဲ နည်းနည်းချင်း ထည့်မွှေပေးပါ။ ဆားထည့်ပါ။ ရေ နို့ဆီ ၁ ဘူးမှ ရေကို ဟင်းစားဇွန်း ၃ ဇွန်း လောက် မထည့်ပဲ ချန်ထားပါ ။
- မုန့်သား ချောမွေ့ သွားပြီး မပျော့လွန်း မမာလွန်း အနေအထား ရပြီဆိုလျှင် ဆီ လက်ဖက်ရည်ဇွန်း ၅ ဇွန်း ထည့်မွှေပေးပါ (ကြော်ပြီး နန်းဖြင့် ညှစ်ချ သည့်အခါ မုန့်သား ချောမွေ့ စေရန်ပါ)။
- သံဒယ် ပြန့်ပြန့်ကို ဆီ အလုံအလောက် ထည့်ပေးပါ။ မီး အသင့်တင့် ဖြင့်ကြော်ပေးပါ။ ဆီကျက်လျှင် မုန့်သားကို နန်းထဲမှာ တစ်ဝက်လောက် အသာယာ ထည့်ပြီး အခွေလေးများ ရအောင် ညှစ်ချပေးပါ။ မုန့်သား လေးများကို ဝါးတူလေးဖြင့် ဟိုဘက် ဒီဘက် လှန်ပေးပါ။
- မုန့်လေးများ ရဲမလာခင် ဆယ်ယူ ဆီစစ်ပြီး လေလုံတဲ့ ဗူး (သို့) အိတ်မှာ သိမ်းထားပြီး စားလို့ ရပါပြီ။
Credit: Soe’s Cooking Collection