ပါဝင်ပစ္စည်းများ

  • တို့ဖူးဖြူ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး
  • ပဲပုပ်
  • နံနံပင်
  • ရှမ်းနံနံ
  • ကြက်သွန်မြိတ်
  • ဆား
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးတို့ကို သေးသေးလှီး ထားပါ ။
  2. တို့ဖူးဖြူကို ချေထားပါ ။
  3. ပဲပုပ်ကို မီးကင်ပြီး အမှုန့် ထောင်းပါ။
  4. ပြီးလျင် အထက်ပါ ပြင်ဆင်ထားသည့် ပစ္စည်းအားလုံးကို နံနံပင် ၊ ရှမ်းနံနံ ၊ ကြက်သွန်မိတ် ၊ ဆား ၊ ဟင်းချိုမှုန့် နှင့် ရောနှယ်ပါ ။
  5. ပြီးလျင် ငှက်ပျော်ဖက်ထဲ ထည့်၍ ခဲပတ်ပြန်ပတ်ပြီး မီးသွေး မီးပေါ်တင်၍ ကင်ထားတာပါ။

Credit: Phyu Phyuhnin