ငရုတ်ပွသီးကလှီးရတာ လွယ်သလိုလိုနဲ့တကယ်တမ်းတော့ သပ်သပ်ရပ်ရပ်ဖြစ်ဖို့ ခက်ပါတယ်။

အစိမ်းကြော်တွေတို့၊ ကြက်ချိုချဉ်၊ ဝက်ချိုချဉ်တို့မှာ အသုံးပြုဖို့အတွက်ဆိုရင် လှလှပပ ဖြစ်နေဖို့ လိုပါတယ်။

မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ် လှီးနိုင်မယ့် နည်းလမ်းကို ဝေမျှချင်ပါတယ်။

ငရုတ်ပွသီးရဲ့ ဖင်အပိုင်းကို ဖြတ်လိုက်ပါ။ ပြီးရင် ဘေး ၄ ဖက်လုံးကို လှီးလိုက်ပါ။ ဒါဆိုရင် အလယ်အူတိုင်ကို အလွယ်တကူ ဖယ်ထုတ်နိုင်ပြီး ငရုတ်ပွသီးကိုလည်း လှလှပပလေးနဲ့မြန်မြန်ဆန်ဆန် လှီးလို့ရသွားပါပြီ။

Featured Image Source: tasteofhome.com