နံနံပင်ဆိုတာ အသုပ်သုပ်တဲ့အခါ၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲစားတဲ့အခါ၊ ငပိရည်နဲ့ တို့စားတဲ့ အခါနဲ့ အချို့ဟင်းတွေ ချက်တဲ့အခါ ထည့်သုံးတဲ့ အသီးအရွက်ပါ။ နံနံပင်တွေကို ၀ယ်ထားပြီး ရိသွားတာ ခြောက်သွားတာတွေကြောင့် ချက်ခါနီးမှာ စိတ်ရှုပ်ရတာ အခါခါပါပဲ။
ဒါဆိုရင် ချက်ခါနီးမှ လတ်လတ်ဆတ်ဆတ် ခူးစားဖို့ အိုးထဲမှာ ထည့်ပြီး စိုက်ထားရင် အဆင်ပြေစေမှာပါ။
နံနံပင် စိုက်ဖို့ အတွက် အိုးကို အ၀ိုင်း မဟုတ်ဘဲ လေးထောင့်စပ်စပ် အိုးမျိုး သုံးပါ။ နံနံစေ့ကို စိုက်ပျိုးရေးအရောင်းဆိုင်တွေကနေ မေးဝယ်ပါ။ အိုးထဲကို စပ်မြေထည့်ပြီး ၈လက်မ အနက်လောက်မှာ နံနံစေ့တွေကို နေရာခြားပြီး ထည့်ပေးပါ။ မြေကြီးကို ပြန်ဖုံးပြီး ရေလောင်းပေးပါ။ အိုးကို အောက်ခြေမှာ အပေါက်ပါတာလေးတွေပဲ သုံးပါ။ ရေလောင်းတဲ့အခါ အိုးထဲမှာ အိုင်မနေစေဘဲ ပြန်ထုတ်လို့ ရအောင်ပါ။
အစိမ်းရောင် အသီးအရွက်တွေဟာ အလင်းရောင်လည်း လိုအပ်တာကြောင့် အလင်းရောင် ရနိုင်တဲ့ နေရာမှာထားပေးပါ။ အရမ်းပူတဲ့ နေရာမှာဆိုရင်တော့ အရိပ်လေး ပေးပြီး ထားပေးပါ။ အိမ်ခန်းအတွင်း ဆိုရင်တော့ ပြတင်းပေါက်နား နေရောင်နုနုရတဲ့ နေရာမှာ ထားပေးပါ။ တစ်နေ့ကို နေရောင်ခြည် 6-8 နာရီ လိုအပ်ပါတယ်။
နံနံပင်ဟာ ရေကြိုက်ပါတယ်။ ရေကို ပုံမှန်လောင်းပေးဖို့တော့ လိုပါတယ်။ ရေအိုင်နေတာမျိုးလည်း မဖြစ်စေပါနဲ့။ ၂-၃ ပတ်ကြာတဲ့ အခါ အညှောင့်လေးတွေ ထွက်လာပြီး ၃-၄ပတ်လောက်မှာ စပြီး ခူးလို့ ရပါပြီ။
Source: guide-to-houseplants