မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအနေနဲ့ စားသုံးလေ့ရှိတဲ့ ချာပါတီကို အိမ်မှာလုပ်စားနိုင်ဖို့ ချက်နည်းလေး ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံကြမ်းမှုန့် ၃ ခွက် (လက်ဖက်ရည်ပန်းကန်းလုံး)
  • ရေ ၁ ခွက် (လက်ဖက်ရည်ပန်းကန်းလုံး)
  • ထောပတ်ဆီ ၁ဇွန်းခွဲ (ထမင်းစားဇွန်း)
  • ဆား ၁ဇွန်း (လက်ဖက်ရည်ဇွန်း)
  • သကြား ၁ ဇွန်း(လက်ဖက်ရည်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ဂျုံတွေကို ဂျုံစစ်ဇကာနဲ့စစ်ချပါ ။ မျက်နှာပြင် ညီတဲ့ စတီးစားပွဲ (သို့) သစ်သား စားပွဲပေါ်မှာ ပုံပြီး အလယ်ဗဟို ကို အပေါက်ငယ် ဖောက်ပါ ။ ထို အချိုင့်ခွက်ထဲကို ထောပတ်ဆီ ၊ ဆား ထည့်ကာ ရေတစ်ဝက်ခန့်ကို ဦးစွာထည့်ပြီး နယ်ပါ ။
  2. လက်ကျန်ရေကို တဖြည်းဖြည်းချင်းစီ ထည့်ပြီး လက်ဖနောင့်အားနဲ့ သမပြီး စေးထွေးသွားတဲ့ မုန့်သား ရတဲ့အထိ နယ်ပေးပါ ။ နယ်ပြီးရင် ၁၀ မိနစ်ခန့် ပိတ်စပါးနှင့် အုပ်ပြီး နှပ်ထားပါ ။
  3. တင်းနစ်ဘောလုံး အရွယ်လောက်တွေ ပိုင်းဖြတ်ပြီး မိ မိနှစ်သက်သလို အဝိုင်း (သို့) လေးထောင့်ပုံ ရအောင် မုန့်ဒလှိမ့်တုံး (သို) ချောမွတ်တဲ့ ပုလင်းနဲ့ ဖိပြားပေးပါ ။
  4. ပူနေတဲ့ မုန့်ရေပါးလို အိုးမျိုးမှာ ထောပတ် အနည်းငယ်ကို နံှ့အောင် သုတ်လိမ်းပေးပြီး မုန့်သားကို မီးဖုတ်သကဲ့သို့ ဟိုဖက်ဒီဖက် ပြုလုပ်ပေးပါ ။ အနည်းဆုံး (၂-၃ ) မိနစ်လောက် ဖုတ်ပေးရပါမည် ။

Credit: ဟင်းချက်နည်းများ