ပျားရည်ဝယ်ပြီး ပုလင်းထဲထည့်ပြီး သိမ်းထားရင်းနဲ့ ပျားရည်က ခဲခဲလေးဖြစ်နေပါသလား။ ခဲခဲလေးဖြစ်နေပေမယ့်လည်း ပျားရည်မှာ သဘာဝ ဓာတ်တွေ ရှိနေဆဲပါ။

အရင်တုန်းကလို အရည်ပျစ်ပျစ်လေး ပြန်ရဖို့ လုပ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။

ဒီမှာ တစ်ခု သတိထားရမှာပါက ပျားရည်ထည့်မယ့် ဗူး သို့ ပုလင်းက ပလပ်စတစ်ဖြစ်ရင် PPA မပါတဲ့ ပလပ်စတစ်ကို ရွေးချယ်ပါ။

အိုးတစ်လုံးထဲကို ရေထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်တင်လိုက်ပါ။ ပျားရည်ထည့်ထားတဲ့ ဗူး သို့ ပုလင်းကို အိုးထဲထည့်လိုက်ပါ။ တဖြည်းဖြည်းနဲ့ အိုးထဲက ရေပူလာတာနဲ့အမျှ ပုလင်း သို့ ဗူးထဲက ပျားရည်တွေလည်း တဖြည်းဖြည်း အရည်ပျော်လာပါလိမ့်မယ်။

ဒါပေမယ့် ကိုယ်ထည့်ထားတဲ့ ပုလင်းရဲ့အပူချိန် ခံနိုင်အားကိုလည်း သတိထားပါ။ မဟုတ်ရင် ပုလင်းကွဲသွားပြီး ပျားရည်ပါ အလဟာသ ဖြစ်သွားပါလိမ့်မယ်။