အိမ်မှာ အရွက်တွေ ဝယ်လိုက်တဲ့ အခါ စားလို့ မကုန်ဘဲ လွှင့်ပစ်လိုက်ရတာမျိုးတွေ ဖြစ်နေကြပါသလား? Diet Plan အတွက် ဝယ်ထားတဲ့ အသီးအရွက်တွေဟာ စားရမယ့် ရက်အထိ မလတ်ဆတ်ဘဲ လွှင့်ပစ်နေရဖြစ်နေပါလား အစားအစာတွေကို အလကား လွှင့်ပစ်ရတဲ့ အခါ အိမ်ရှင်မတွေဟာ စိတ်ညစ်ရလေ့ ရှိပါတယ်။

Real Food Real Deals ကနေ ဖော်ပြလိုက်တဲ့ အသီးအရွက်တွေကို အစိမ်းအတိုင်း လတ်ဆတ်စွာ ထားမယ့် နည်းလေးကိုပြန်ပြီး မျှဝေချင်ပါတယ်။ ဒီနည်းအတိုင်း လုပ်မယ်ဆိုရင်တော့ ဝိတ်လည်းချလို့ ရသလို ပိုက်ဆံတွေလည်း အလကား မဖြစ်တော့ပါဘူး။

အသီးအရွက်တွေဟာ ဝိတ်ချဖို့ အတွက် အကောင်းဆုံး အစားအစာတွေပါပဲ။ ဒီထဲကမှ အစိမ်းရောင် အရွက်တွေဟာ ပိုပြီး ဗီတာမင်၊ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေ ပိုကြွယ်ဝစွာ ပါဝင်ပါတယ်။ သူတို့ဟာ နှလုံး၊ ဆီးချိုနဲ့ တစ်ခြား နာမကျန်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်မြင့်မားစွာ ပါဝင်တဲ့ အတွက်ကြောင့်လည်း အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အစိမ်းရောင် အရွက်တွေဟာ အအေးခန်းထဲမှာထိန်းသိမ်းဖို့ မလွယ်ကူလှပါဘူး။

ဆလပ်ရွက်တွေနဲ့ တစ်ခြား အစိမ်းရောင် အရွက်တွေဟာ ဈေးကနေ ဝယ်လာပြီး သိပ်မကြာခင်မှာပဲ ညိုးနွမ်းသွားတတ်ကြပါတယ်။ သူတို့ကို ဆေးကြောပြီးမှ သိမ်းမယ်ဆိုရင်တော ဆလပ်ရွက်တွေဟာ တစ်ပတ်အထိ အထားခံနိုင်ပါတယ်။ တစ်ခြားဆေးဖက်ဝင် အပင်တွေကတော့ နှစ်ပတ်ထိ အထားခံနိုင်ပါတယ်။

ပြုလုပ်ရမယ့် နည်းကတော့

  • အရင်ဆုံး အရွက်တွေကို ဆေးပါ။ ဆေးတဲ့အခါမှာ အရွက်တွေကို Salad Spinner ထဲက ဇကာထဲကို အပြည့်ထည့်ပါ။ ဇကာကို Salad Spinner ထဲကအောက်ခံ ဇလုံထဲထည့်ပါ။

wash_leafy

  • Salad Spinner ထဲက အရွက်တွေအပေါ် ဖုံးသွားအောင် ရေလောင်းချလိုက်ပါ။
  • အရွက်တွေပေါ်ကနေ ရေကို စစ်ချပါ။ ပြီးရင် အရွက်ထည့်ထားတဲ့ ဇကာကို ပြန်ထုတ်လိုက်ပါ။
  • ဆေးလိုက်တဲ့အခါ ရေက ညစ်သွားတာ တွေ့ပါလိမ့်မယ်။ ရေတွေ ဖြူလာတဲ့အထိ ဆေးပါ။ သဘောက သဲတွေ ဖုန်တွေ မရှိတော့တဲ့ အထိဆေးပါ။
  • ပြီးရင်တော့ အရွက်တွေကို အခြောက်ခံလိုက်ပါ။ Salad Spinner ထဲမှာ အခြောက်ခံပါ။ မရှိရင်တော့ ဇကာနဲ့ ရေကို ခြောက်သွားအောင် စစ်ထားပါ။

dry_leafy

  •  ပြီးရင် ဘူးတွေနဲ့ ထည့်ပါ။ ဒါမှမဟုတ် ဇစ်အိပ်အပါးလေးနဲ့ ထည့်ပါ။
  • ထည့်တဲ့အခါ Paper Towel တွေကို ဘူးအောက်ခြေမှာ ခံပြီး ထည့်သလို အပေါ်မှာလည်း အနည်းငယ် ထည့်ပြီး အဖုံးဖုံးပါ။

store_leafy
ကဲ စမ်းသပ်ကြည့်ကြစို့။

Credit: wholenewom