ရာသီဥတု ပူအိုက်တဲ့အခါ ရင်ထဲအေးသွားမယ့် အစားအစာလေးကို စားချင်ကြတာတော့ မဆန်းပါဘူး။ ဒါကြောင့် ဒီတစ်ခါမှာလည်း အပြင်စာမဟုတ်ဘဲ ကိုယ့်ဘာသာအိမ်မှာလုပ်စားနိုင်မယ့် ရေခဲသုပ်လုပ်နည်းလေးကို ဝေမ ျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- နာနတ်ယို
- သင်္ဘောသီးယို(အနီ ၊အစိမ်း)
- ကျောက်ဖရုံယို
- ဒူးရင်းသီးယို
- မြေပဲ – မညှက်တညှက်ထောင်းပါ
- ကျောက်ကျောအမဲ
- ပင်ပွားစေ့ – ရေစိမ်ထားရန်
- ဆေးကုလားမ – ရေစိမ်ထားရန်
- သီဟိုဠ်ဆံ
- စတော်ဘယ်ရီ
- စပျစ်သီး – အလှဆင်ရန်
- သကြားရည်
- နို့ဆီ
- နို့စိမ်း
- ဇီးဖျော်ရည် (သို့) သစ်ခွဖျော်ရည် အပျစ်
ပြုလုပ်နည်း
- ဖန်ခွက် (သို့) ပန်းကန်လုံးမှာ ကျောက်ကျောအမဲ ၊ ပင်ပွားစေ့ ၊ ဆေးကုလားမတွေကို ထည့်ပါ။
- အပေါ်ယံ တစ်လွှာ အနေနဲ့ ကျောက်ဖရုံယို ၊ နာနတ်ယို ၊ ဒူးရင်းယို ၊ သင်္ဘောသီးယိုတွေကိုထည့်ပါ။ မြေပဲထောင်းလည်းထည့်ပါ။
- အမှုန့် နီးပါး ခြစ်ထားတဲ့ ရေခဲမှုန့်တွေကို ကျစ်နေအောင် ဖိသိပ်ထည့်ပါ။
- ပထမဆုံးသကြားရည်အနည်းငယ်လောင်းပါ။ ဒုတိယအနေနဲ့ ဇီးဖျော်ရည် (သို့) သစ်ခွရည်အပျစ်လောင်းပါ။ နောက်ဆုံးနို့ဆီ နဲ့ နို့စိမ်း လောင်းပါ။
- အပေါ်ဆုံးကနေ စတော် ဘယ်ရီသီး၃ -၄ ခြမ်း ၊ စပျစ်သီး ၃-၄ လုံး၊ သီဟိုဠ်ဆံ ၄-၅ ခြမ်းလောက် အလှဆင် လိုက်ရင် မြန်မာရေခဲသုပ် ရပါပြီ။
Credit: Original Uploader