မီးဖိုနားမှာပဲကပ်ပြီး နာရီပေါင်းများစွာ အချိန်ကုန်တာထက် မြန်မြန်ဆန်ဆန် ဟင်းချက်ပြီးတာကို မနှစ်သက်တဲ့လူ မရှိသလောက်ပါ။ ကျန်းမာရေးနဲ့လည်းညီညွတ်ပြီး အရသာရှိတဲ့ဟင်းတစ်ခွက်ကို အချိန်တိုအတွင်းနဲ့ ချက်နိုင်ဖို့ ကျွမ်းကျင်တဲ့ စားဖိုမှူးတစ်ဦးဖြစ်စရာမလိုပါဘူး။ အဓိကလိုအပ်တာက အသုံးဝင်မယ့်နည်းလမ်းလေးတွေကို သိထားဖို့ပါပဲ။

ဒါကြောင့် ဟင်းချက်တာကို မြန်မြန်ဆန်ဆန်ပြီးဆုံးပြီး အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ စက္ကန့်ခြောက်ဆယ်နဲ့ပြီးဖို့ ဟင်းမချက်ခင် ပါစတာခေါက်ဆွဲတွေကို ကြိုစိမ်ထားပါ

ခေါက်ဆွဲတွေကို ရေထဲမှာ နာရီအတော်ကြာ သို့မဟုတ် တစ်ညတာကြာအောင် စိမ်ထားပြီး ပွက်နေတဲ့ရေပူထဲမှာ ချက်တာဖြစ်ဖြစ် ခေါက်ဆွဲတွေအပေါ်ကနေ ဆော့စ်အပူလောင်းချလိုက်တာဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ကျက်မှာဖြစ်ပါတယ်။

၂။ သရက်သီးကို အတုံးလေးတွေလှီးခြင်း

သရက်သီးကို တခြမ်းလှီး၍ ထိပ်ချွန်ဓားလေးနဲ့ ဇကာကွက်ပုံစံလုပ်ပြီး အသားတွေကိုလှန်လိုက်မယ်ဆိုရင် ပုံစံလည်းလှ အချိန်လည်းမကုန်ဘဲ သရက်သီးလှီးနိုင်မှာဖြစ်ပါတယ်။

၃။ ဒိန်များကို အခန်းအပူချိန်မှာပဲ ခြစ်ပါ

အခန်းအပူချိန်အတွင်းမှာဆိုရင် ဒိန်များက ပိုပြီးနူးညံ့လာတဲ့အတွက် ခြစ်ရတာလည်း ပိုပြီးလွယ်ကူသွားပါတယ်။

၄။ ၁ စက္ကန့်ထဲနဲ့ ထောပတ်သီးအစေ့ထုတ်ခြင်း

အစေ့ထုတ်ဖို့အတွက် ထိပ်ချွန်တဲ့ဓားကို သတိထားပြီးအသုံးပြုပါ။ ထောပတ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ဓားကို အစေ့မှာစိုက်ပြီး ဖြည်းဖြည်းချင်းနှဲ့ထုတ်လိုက်ပါ။

၅။ အသားကိုမြန်မြန်လှီးနိုင်ဖို့ အေးခဲထားပါ

အသားကိုကြိုတင်အေးခဲထားခြင်းက လှီးတဲ့အခါမှာ ညီညီညာညာလှီးနိုင်ပြီး ချက်တဲ့အခါမှာလည်း အချိန်တိုအတွင်း ကျက်မှာဖြစ်ပါတယ်။

၆။ ထောပတ်

ထောပတ်ကို အရည်ဖျော်လိုတဲ့အခါမှာ အတုံးလိုက်ထားတာထက် အစိတ်လေးတွေလှီးပေးခြင်းက မြန်မြန်အရည်ပျော်လွယ်သလို မီးဖိုနားမှာလည်း ထားပေးနိုင်ပါတယ်။

၇။ အာလူးအခွံခွာဖို့

စက္ကန့်သုံးဆယ်လောက် အာလူးတွေကို ရေနဲ့ပြုတ်ပါ။ ရေအေးထည့်ထားတဲ့ ပန်းကန်လုံးထဲပြောင်းထည့်ပြီး စက္ကန့်သုံးဆယ်ကြာရင် လွယ်လွယ်ကူကူနဲ့ အခွံခွာနိုင်မှာဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ဆားရေထဲမှာ မိနစ် ၂၀ လောက်စိမ်ပြီး အခွံခွာပေးနိုင်ပါတယ်။