ကိုရီးယားထမင်းသုပ်သည် ကိုရီးယားနိုင်ငံ၏ ကိုယ်စားပြု အစားအစာများအနက် တစ်ခုအဖြစ် ကမ္ဘာတွင် လူသိများသော အစားအစာဖြစ်သည်။ ဇလုံထဲတွင် အရွက်အမျိုးမျိုး၊ အသား ၊ကြက်ဥ ၊ငရုပ်သီးအနှစ်တို့ကို ထည့်ပြီး နယ်စားသော အစားအစာဖြစ်သည်။ ကိုရီးယားတွင်လည်း နေရာဒေသတိုင်းတွင် ထည့်စားသော အရွက်များနှင့် အသားများမှာ ကွဲပြားပြီး၊နာမည်အကြီးဆုံးဒေသမှာ ဂျောန်ဂျူဖြစ်သည်။ ကိုရီးယားတွင်လညိး ဂျောန်ဂျူထမင်းသုပ်မှာ နာမည်အကြီးဆုံး ထမင်းသုပ်များအနက် တစ်ခုဖြစ်သည်။
ကိုရီးယား အစားအစာများထဲမှ လေယာဉ်ပေါ်တွင် ကျွေးမွေးသည့် အစားအစာအဖြစ် ပထမဦးဆုံး ရွေးချယ်ခံရသော အစားအစာမှာ Bibimbab ဟုခေါ်သည့် ကိုရီးယား ထမင်းသုပ်ပဲ ဖြစ်ပါသည်။ Bibimbab (ကိုရီးယားထမင်းသုပ်)ကတော့ ကိုရီးယား ပြည်တွင်း လေကြောင်းလိုင်းများ၏ လေယာဉ်ပေါ်တွင်ပဲ ကျွေးမွေးဧည့်ခံသည့် အစားအစာမဟုတ်ပဲ ပြည်ပလေကြောင်းလိုင်းများ ပေါ်တွင်ပါ ကျွေးမွေးဧည့်ခံလျှက်ရှိပါသည်။
ပြည်ပနိုင်ငံများတွင်ပါ နာမည်ကြီးသော ကိုရီးယား အစားအစာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် အဆိုတော် Michael Jacksonလည်း ကိုရီးယား ထမင်းသုပ် Bibimbabကို နှစ်ခြိုက်ခဲ့တယ်ဆိုတာကတော့ လူတော်တော်များများ သိထားကြတဲ့ အကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံများမှာ ကိုရီးယား ထမင်းသုပ်က ပိုပြီး လူကြိုက်များ လူသိများလာတာပဲ ဖြစ်ပါတယ်။ ဒါအပြင် ကိုရီးယားလူမျိုးများ အသက်ရှည်စေသည့် အစားအစာတစ်ခုအဖြစ် နှစ်ခြိုက်စွဲမြဲ စားသုံးလေ့ရှိတဲ့ အစားအစာတစ်ခုအနေနဲ့လည်း နာမည်ကြီးပါတယ်။