[Unicode]

ကိုရီးယားအစားအစာကြိုက်သူတွေအတွက်တော့ ကိုရီယားစတိုင်စားသောက်ဆိုင်တွေသွားတဲ့အခါ အပါမဖြစ်အမြဲမှာစားတဲ့အထဲမှာ တော့ပိုကီကထိပ်ဆုံးကပါဝင်နေမယ်ထင်ပါတယ်။ ဒီလိုမျိုးအမြဲလိုလိုဝယ်စားဖြစ်ပါတယ်ဆိုတဲ့ တောပိုကီချစ်သူတွေအတွက် အိမ်မှာပဲလွယ်ကူရိုးရှင်းစွာနဲ့ ဆိုင်လက်ရာမှီအောင်ချက်နိုင်မယ့် တော့ပိုကီပြုလုပ်နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တော့ပိုကီချောင်း ၄၀၀ ဂရမ်
  • ငါးသားချောင်း ၁၅၀ ဂရမ်
  • ငါးပါးနီခြောက် ၇ ကောင်ခန့်
  • ပင်လယ်ရေညှိ ၁ ချပ်
  • ကိုရီယားငရုပ်သီးအနှစ် ၄ ဇွန်း
  • ငရုပ်သီးအမှုန့် ၂ ဇွန်း
  • သကြားအညို ၁ ဇွန်း
  • ကြက်ဥပြုတ် ၂ လုံး
  • ကြက်သွန်မိတ် ၃ ချောင်း
  • ရေ ၄ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး ရေ ၄ ခွက်ခန့်ကို ဆူပွက်လာတဲ့အထိ မီးခပ်ပြင်းပြင်းနှင့် တည်ထားပါ။ရေနွေးတည်နေစဉ် ငါးပါးနီခြောက်တွေကို ခေါင်းဖြုတ်သန့်စင်ထားရပါမယ်။ရေနွေးဆူလာပြီဆိုရင် သန့်စင်ထားတဲ့ငါးပါးနီတွေကိုထည့်ပြုတ်ပါ။တစ်ပါတည်းပင်လယ်ရေညှိတစ်ချပ်ကိုလည်း အတူတူထည့်ပြုတ်ပေးရပါမယ်။မိနစ် ၂၀ ခန့် ပြုတ်ပြီးပြီဆိုရင်တော့ ငါးပါးနီနဲ့ပင်လယ်ရေညှိတို့ကိုဇကာတစ်ခုနဲ့ဖယ်ပြီး ပြုတ်ထားတဲ့အရည်ကို ခွက် (သို့မဟုတ်) ပန်းကန်တစ်ခုထဲထည့်ထားရပါမယ်။

(၂) အဲ့ဒီနောက်မှာတော့ ပန်းကန်လုံးတစ်လုံးအတွင် ကိုရီးယားငရုပ်သီးအနှစ် ၄ ဇွန်း ငရုပ်သီးအမှုန့် ၂ ဇွန်း သကြား ၁ ဇွန်း ရေအနည်းငယ်တို့ကိုရေထည့်ပြီး သမအောင်မွေပေးရပါမယ်။ပြီးရင်တော့ ခုနကဖယ်ထားတဲ့ ငါးပါးနီနဲ့ပင်လယ်ရေညှိပြုတ်ရည်ကို ဒယ်အိုးတစ်ခုအတွင်းထည့်ပြီး မီးအလယ်အလတ် လောက်အနေအထားနဲ့ အပူပေးရပါမယ်။ပြုတ်ထားတဲ့အရည်ဆိုလာပြီဆိုရင် ငရုပ်သီးအနှစ်ကို ဒယ်ထဲရောထည့်ပြီး မွှေပေးရပါမယ်။

(၃) ဆက်လက်ပြီး အနေတော်လှီးဖြတ်ထားတဲ့ တော့ပိုကီအချောင်းလေးတွေ ငါးသားချောင်းလေးတွေ အခွံခွာထားတဲ့ြက်ဥပြုတ် ၂လုံးတို့ကိုပါ အိုးထဲရောထည့်ပြီး ၁၅ မိနစ်ခန့် မီးအေးအေးနဲ့ချက်ပေးရပါမယ်။ငရုပ်နှစ်အရည်များပျစ်လာပြီး တော့ပိုကီအချောင်းလေးတွေနူးအိလာပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး ကြက်သွန်မိတ်လေးအုပ်ကာ အရသာရှိတဲ့ ကိုရီယားစတိုင်တော့ပိုကီလေးကို သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။

Source : Asianfoodchannel

[Zawgyi]

ကိုရီးယားအစားအစာႀကိုက္သူေတြအတြက္ေတာ့ ကိုရီယားစတိုင္စားေသာက္ဆိုင္ေတြသြားတဲ့အခါ အပါမျဖစ္အျမဲမွာစားတဲ့အထဲမွာ ေတာ့ပိုကီကထိပ္ဆံုးကပါဝင္ေနမယ္ထင္ပါတယ္။ ဒီလိုမ်ဳိးအျမဲလိုလိုဝယ္စားျဖစ္ပါတယ္ဆိုတဲ့ ေတာပိုကီခ်စ္သူေတြအတြက္ အိမ္မွာပဲလြယ္ကူရိုးရွင္းစြာနဲ႔ ဆိုင္လက္ရာမွီေအာင္ခ်က္ႏိုင္မယ့္ ေတာ့ပိုကီျပဳလုပ္နည္းလမ္းေလးကို ေျပာျပေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ေတာ့ပိုကီေခ်ာင္း ၄၀၀ ဂရမ္
  • ငါးသားေခ်ာင္း ၁၅၀ ဂရမ္
  • ငါးပါးနီေျခာက္ ၇ ေကာင္ခန္႔
  • ပင္လယ္ေရညွိ ၁ ခ်ပ္
  • ကိုရီယားငရုပ္သီးအႏွစ္ ၄ ဇြန္း
  • ငရုပ္သီးအမႈန္႔ ၂ ဇြန္း
  • သၾကားအညိဳ ၁ ဇြန္း
  • ၾကက္ဥျပဳတ္ ၂ လံုး
  • ၾကက္သြန္မိတ္ ၃ ေခ်ာင္း
  • ေရ ၄ ခြက္

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) အရင္ဆံုး ေရ ၄ ခြက္ခန္႔ကို ဆူပြက္လာတဲ့အထိ မီးခပ္ျပင္းျပင္းႏွင့္ တည္ထားပါ။ေရေႏြးတည္ေနစဥ္ ငါးပါးနီေျခာက္ေတြကို ေခါင္းျဖဳတ္သန္႔စင္ထားရပါမယ္။ေရေႏြးဆူလာၿပီဆိုရင္ သန္႔စင္ထားတဲ့ငါးပါးနီေတြကိုထည့္ျပဳတ္ပါ။တစ္ပါတည္းပင္လယ္ေရညွိတစ္ခ်ပ္ကိုလည္း အတူတူထည့္ျပဳတ္ေပးရပါမယ္။မိနစ္ ၂၀ ခန္႔ ျပဳတ္ၿပီးၿပီဆိုရင္ေတာ့ ငါးပါးနီနဲ႔ပင္လယ္ေရညွိတို႔ကိုဇကာတစ္ခုနဲ႔ဖယ္ၿပီး ျပဳတ္ထားတဲ့အရည္ကို ခြက္ (သို႔မဟုတ္) ပန္းကန္တစ္ခုထဲထည့္ထားရပါမယ္။

(၂) အဲ့ဒီေနာက္မွာေတာ့ ပန္းကန္လံုးတစ္လံုးအတြင္ ကိုရီးယားငရုပ္သီးအႏွစ္ ၄ ဇြန္း ငရုပ္သီးအမႈန္႔ ၂ ဇြန္း သၾကား ၁ ဇြန္း ေရအနည္းငယ္တို႔ကိုေရထည့္ၿပီး သမေအာင္ေမြေပးရပါမယ္။ျပီးရင္ေတာ့ ခုနကဖယ္ထားတဲ့ ငါးပါးနီနဲ႔ပင္လယ္ေရညွိျပဳတ္ရည္ကို ဒယ္အိုးတစ္ခုအတြင္းထည့္ၿပီး မီးအလယ္အလတ္ ေလာက္အေနအထားနဲ႔ အပူေပးရပါမယ္။ျပဳတ္ထားတဲ့အရည္ဆိုလာၿပီဆိုရင္ ငရုပ္သီးအႏွစ္ကို ဒယ္ထဲေရာထည့္ၿပီး ေမႊေပးရပါမယ္။

(၃) ဆက္လက္ၿပီး အေနေတာ္လွီးျဖတ္ထားတဲ့ ေတာ့ပိုကီအေခ်ာင္းေလးေတြ ငါးသားေခ်ာင္းေလးေတြ အခြံခြာထားတဲ့ၾက္ဥျပဳတ္ ၂လံုးတို႔ကိုပါ အိုးထဲေရာထည့္ၿပီး ၁၅ မိနစ္ခန္႔ မီးေအးေအးနဲ႔ခ်က္ေပးရပါမယ္။ငရုပ္ႏွစ္အရည္မ်ားပ်စ္လာၿပီး ေတာ့ပိုကီအေခ်ာင္းေလးေတြႏူးအိလာၿပီဆိုရင္ေတာ့ မီးဖိုေပၚကခ်ၿပီး ၾကက္သြန္မိတ္ေလးအုပ္ကာ အရသာရွိတဲ့ ကိုရီယားစတိုင္ေတာ့ပိုကီေလးကို သံုးေဆာင္လို႔ရၿပီပဲျဖစ္ပါတယ္။

Source : Asianfoodchannel