ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ – ၁၈ လုံး (အခွန်နွာ ပြီး သုံးပိုင်းစိတ်ပါ)
- ငရုတ်သီး စိမ်း – ၁၀ သား ( ခပ်ကြမ်းကြမ်း လေးညှပ်ထားပါ)
- ရှာလကာရှည် – ၂ လီတာ(ကိုးရီးယား ရှာလကာရှည်ဆို ပိုကောင်းပါတယ်)
- ပဲငံပြာရည် အငံ – ၂ ခွက်ခွဲ (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
- ရေ – ၁ ခွက် (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
- သကြား – ၅ ဇွန်း ( စားပွဲတင်ဇွန်း / ချိုချို ကြိုက်လျှင် ပိုထဲ့လို့ ရပါတယ်)
ပြုလုပ်နည်း
-
- အခွန်နွာပြီး စိတ်ထားသော ကြက်သွန်ဖြူကို ရှာလကာရည်ဖြင့် ၇-၁၀ ရက်လောက် ဗူးထဲထဲ့ စိမ်ထားပါ။
- အိုးထဲသို့ ရေ၊ သကြား၊ ပဲငံပြာရည်အငံ နှင့် ညှပ်ထားသော ငရုတ်သီးများကို ဆူလာသည် အထိ တည်ပါ။ အအေးခံပါ ။
- အအေးခံထားသော အရည်ကို ရှာလကာရည် စိမ်ထားသော ကြက်သွန်ဖြူထဲသို့ လောင်းထည့်ပါ။
- လေလုံသော ပုလင်းထဲသို့ သိမ်းရင် ပိုကောင်းပါတယ်။ နေရိပ်ထဲမှာ ထားပါ။ လနဲ့ ချီခံ ပါတယ်။
- မှတ်ချက်- ကြက်သွန်ဖြူ မကြိုက်သောသူများ ကြက်သွန်အနီနဲ့ လဲ လုပ်လို့ရပါတယ်။