ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ – ၁၈ လုံး (အခွန်နွာ ပြီး သုံးပိုင်းစိတ်ပါ)
  • ငရုတ်သီး စိမ်း – ၁၀ သား ( ခပ်ကြမ်းကြမ်း လေးညှပ်ထားပါ)
  • ရှာလကာရှည် – ၂ လီတာ(ကိုးရီးယား ရှာလကာရှည်ဆို ပိုကောင်းပါတယ်)
  • ပဲငံပြာရည် အငံ – ၂ ခွက်ခွဲ (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
  • ရေ  –  ၁ ခွက် (ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ)
  • သကြား   –  ၅ ဇွန်း ( စားပွဲတင်ဇွန်း / ချိုချို ကြိုက်လျှင် ပိုထဲ့လို့ ရပါတယ်)

ပြုလုပ်နည်း

  1. အခွန်နွာပြီး စိတ်ထားသော ကြက်သွန်ဖြူကို ရှာလကာရည်ဖြင့် ၇-၁၀ ရက်လောက် ဗူးထဲထဲ့ စိမ်ထားပါ။
  2. အိုးထဲသို့ ရေ၊ သကြား၊ ပဲငံပြာရည်အငံ နှင့် ညှပ်ထားသော ငရုတ်သီးများကို ဆူလာသည် အထိ တည်ပါ။ အအေးခံပါ ။
  3. အအေးခံထားသော အရည်ကို ရှာလကာရည် စိမ်ထားသော ကြက်သွန်ဖြူထဲသို့ လောင်းထည့်ပါ။
  4. လေလုံသော ပုလင်းထဲသို့ သိမ်းရင် ပိုကောင်းပါတယ်။ နေရိပ်ထဲမှာ ထားပါ။ လနဲ့ ချီခံ ပါတယ်။
  5. မှတ်ချက်- ကြက်သွန်ဖြူ မကြိုက်သောသူများ ကြက်သွန်အနီနဲ့ လဲ လုပ်လို့ရပါတယ်။