ပါဝင်ပစ္စည်းများ
- သရက်သီးမှည့် – ၁ လုံး (အတုံးသေးလေးများ တုံးထားပါ)
- ပျားရည် – ၁ ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း)
- ဒိန်ချဉ် – ခွက် တဝက် (4 OZ) ဟင်းချက်ရင် တိုင်းတဲ့ အချိန်အဆ ခွက်ပါ
- နွားနို့ – ၁၀ ဇွန်း (စားပွဲဇွန်း)
ပြုလုပ်နည်း
- ဒိန်ချဉ် ၊ နွားနို့ ပျားရည် နှင့် သရက်သီး အမှည့် အတုံးလေးများ စားပွဲဇွန်း ၂ ဇွန်း လောက် ကို ထည့်ပြီး Blender နဲ့ မွှေပေးပါ။
- ရလာသော အရည်ကို လိုရာပုံစံ ရေခဲခွက်လေးများထဲ ထည့်ခဲပါ။
- မှတ်ချက်- လိုရာအသီး ကို အစားထိုးပြီး ဒီနည်းအတိုင်း လုပ်လို့ ရပါတယ်။ ရေခဲချောင်းလေး စားရင် အားလုံး ပူပြင်းတဲ့ ရာသီမှာ အေးချမ်းနိုင်ပါစေ။