ပါဝင်ပစ္စည်းများ

  • ဆိတ်သား – ၂ ပေါင်
  • ရှာလကာရည် – ၁/၂ ခွက် နဲ့၂ဇွန်း (Tablespoon)
  • နနွင်း – ၁ ဇွန်း (Teaspoon)
  • ငရုတ်သီးမှုန့် – အနည်းငယ်
  • ဂျင်း – ၁ ဇွန်းစီ

Source: All Natural Meats

  • ကြက်သွန်ဖြူ
  • ကြက်သွန်နီကြော် – ၁ ခွက်
  • ဆီ – ၁ခွက် ခွဲ
  • မုန်ညင်းစေ့အမဲ – ၂ဇွန်း
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  • ဆိတ်သားကို ဆား ၊ နနွင်း ၊ ဂျင်း ၊ ကြက်သွန် ဖြူ နှင့် ရှာလကာရည် ဖြင့်နယ်၍ ၃၀ မိနစ်နှပ်ပြီး ရေအနည်းငယ် ထည့်ပြီး နူးအောင် ပြုတ်ပါ။
  • ဆီပူအောင် တည်ပြီး မုန်ညှင်းစေ့ အမဲကို ဆီသတ် ဂျင်း ၊ ကြက်သွန်ဖြူ အနည်းငယ် နှင့် နနွင်း ၊ ငရုတ်သီးမှုန့်ထည့်ပြီး မဆလာကို ထည့်မွှေပေးပါ။ ရေနွေ ၁/၄ ခွက် လောက် မဆလာ မတူးအောင် ထည့်ပါတယ်။
  • ကြက်သွန်နီကြော်ကို ခြေထည့်ပြီး ရေတခွက် ထပ်ထည့်ပြီး အနှစ်ဖြစ်အောင် မွှေပါ ။ အနှစ်ရပြီး မွှေးလာလျှင် ဆိတ်သားပြုတ် ထားတဲ့ အိုးထဲ အနှစ်များရောပြီး မွှေပါ။
  • အရသာ အပေါ့အငန် မြည်းပြီး ဆား နှင့် သကြားအနည်းငယ် ထည့်ပါ။  မီးပိတ်ပြီး ကြက်သွန်ဖြူ  ဥများထက်ချမ်းခွဲ၍ ဖြူးပေးပါ ။  ဒါ ဆို ဆိတ်သားသနပ် ရပါပြီ။

အသားကို အမဲသား ၊ ကြက်သား ကြိုက်တာ သုံးပြီး လုပ်နိုင်ပါတယ်။ အမဲသားကတော့ အကောင်းဆုံးပါ။ သရက်သီးအစိမ်းသနပ် လုပ်ချင်ရင်လဲ ဒီမဆလာသုံးပြီး သရက်သီးစိမ်း တုံးပြီး ဆားဖြင့်နယ် ၊ နေလှမ်းပြီး ၃ခွက်ထည့်ပါ။

သနပ်မဆလာလုပ်နည်း

နံနံစေ့ – ၃ ဇွန်း (Tablespoon)

ဇီယာစေ့ – ၂ဇွန်း. (Tablespoon)

မုန် ညင်းစေ့အဝါ – ၂ဇွန်း (Tablespoon)

ပဲနံ့သာစေ့ – ၁ ဇွန်း သေး (Teaspoon)

စမုံစပါး – ၁ဇွန်း (Tablespoon )

(အားလုံးလှော်ပြီးကြိတ်ပါ။)

Credit: May Mie