သူ့နာမည်က သာခွေယိုင်တဲ့။ သူများတွေတော့ ဘယ်လို လုပ်တယ် မသိ။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ထားတယ်။ စားချင်လွန်းလို့လေ။ အဆီအဆိမ့်ဆို သိပ်မကြိုက်ရှာတော့။ စားလို့တော့ လွှတ်ကောင်း၊ အမျိုးတွေတောင် မေ့တေ့တေ့။ မယ်ဥုံ့နည်းလေး ပြောပြမယ်နော်။
ပါဝင်ပစ္စည်းများ
- ကောင်ညှင်းဆန်အဖြူ ၁ လုံး
 - ငချိတ် ကောက်ညှင်းဆန် ၂ လုံး
 - ရေ ၃ လုံးခွဲ (နို့ဆီဗူး)
 - နို့စိမ်း ၂ လုံး
 - အုန်းနို့ ၁ ဗူး (ယိုးဒယားသံဗူး)
 - သကြား အနည်းငယ်
 - ဆား အနည်းငယ်
 - ဆား အနည်းငယ်
 - ရေ ၂ ဘူး (နို့စိမ်းဘူး အလွတ်)
 
ပြုလုပ်နည်း
- ကောင်ညှင်းဆန် အဖြူ ၁လုံး နဲ့ ငချိတ် ကောက်ညှင်းဆန်၂ လုံးကို ရောပြီး ညထဲက ရေစိမ်ထားပါ။
 - နို့စိမ်း ၂ လုံး၊ အုန်းနို့ ၁ ဗူး (ယိုးဒယားသံဗူး) ၊ သကြား နဲနဲ၊ ဆားနဲနဲ၊ ရေ ၂ ဘူး (နို့စိမ်းဘူး အလွတ်) ထည့်ပြီး ဆူအောင် ကျိုပါ။ ဆူလာရင် မီးလျှော့ပြီး ကြာကြာလေး တည်ထားပါ။
 - မလိုင်တက်လာပြီး နဲနဲပျစ်လာရင် ချိုငန် အတော်ဘဲဆို မီးဖို မီးပိတ်ပါ။
 - ပွဲပြင်ရင် ပုဂံလုံးထဲ ကောက်ညှင်းထည့်၊ အပေါ်က အရည်ဆမ်း စားပါ။ ငချိတ်နဲ့ အဖြူရောပေါင်းလို့စီးပြီး ဖောက်ဖောက်၊ ဖောက်ဖောက် နဲ့နို့ အရသာက အီစိမ့်၊ အုန်းနို့နံ့လေး တသင်းသင်းနဲ့ ဆိုတော့ နာမည်နဲ့လိုက်အောင် လူလဲ သာခွေယိုင် ဖြစ်ပြီပေါ့။
 
Credit: Ohnmar Kyi