ထမနဲ အချိုး ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန် – (၄) ပြည်
  • မြေပဲ – (၈၀) ကျပ်သား
  • နှမ်းဆီ(သို့) မြေပဲဆီ – (၁) ပိဿ
  • နှမ်းစေ့ ( မဲ + အဖြူ ) – (၃၂) ကျပ်သား
  • ဆား – (၇) ကျပ်သား

  • အုန်းသီးစိတ် – (၂၀) ကျပ်သား
  • ဂျင်း – (၁၅) ကျပ်သား

ပြင်ဆင်ပြုလုပ်နည်း

၁။ ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီး အနည်းဆုံး (၃) နာရီခန့် ကြိုတင်ရေစိမ်ထားရပါမယ်။

၂။ မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်နေအောင် သန့်စင်ပါ ။ ၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် ) နှမ်းတွေကိုလည်း သန့်စင်ပြီး (လိုအပ်ပါက) လှော်ထားပါ။

၃။ အုန်းသီးတွေကို အနေတော် ပါးပါးလှီး စိတ်ပါ ၊ ကြော်ပြီးထည့်မယ်ဆိုရင် နေပူမှာ (၃) နာရီလောက် ဇကာနှင့် ဖြန့်လှန်းထားပါ။ ဂျင်းတွေကို အခွံခွါ ရေဆေးပြီး မျှင်မျှင်လေးတွေလှီးပါ။

၄။ ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို ဇကာနှင့် ရေစင်အောင်စစ်ထားပါ။ ပထမဆုံး မိုးဗြဲဒယ်မှာ ဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင် ကြော်ပြီး ဆီစစ်ထားပါ ။

၅။ ထိုဆီထဲမှာပဲ ဂျင်းကို ဆီသတ်ပါ ။ အနံ့မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန်တွေထည့်ပေါင်းကာ သစ်သားယောင်းမအရှည်နှင့် မွှေပေးပါ။ ( ကြော်ချင်ဟန်ပြု ပါ )

၆။ ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ် တစ်ခါလောက် ယောင်းမနဲ့ နှံ့အောင်မွှေပေးရပါမယ်။ ရေခမ်းသွားပြီဆိုရင်တော့ မီးတောက်တွေကို လျှော့ချပြီး ငှက်ပျောဖက်အုပ် အဖုံး ၊ ဖုံးကာ နှပ်ပေးရပါမယ်။

၇။ ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီ ဆိုကာမှ သစ်သားယောင်းမ ကိုင်ပြီး မွှေသူ၂ဦးရဲ့ ယောင်းမအရင်းကနေကိုင်ပြီး ကောက်ညှင်းတွေကိုပွတ်ချေပေးရပါတယ်။ ( ထိုအလယ် လူနေရာကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများတာဝန်ယူတာ များပါတယ် )

၈။ ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို့) အစိမ်းများကို ထည့်ကာ သမသွားအောင်နယ်ပေးပါမှ ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်။

၉။ ဒီလိုပြုလုပ်တာဟာ မီးအရှိန်ကြောင့် လူပင်ပန်းမှုကို သက်သာစေသလို လေတိုက်နှုန်းတွေကြောင့် မီးညွန့်တွေ မလှုပ်ရှားစေပဲ ထိရောက်တဲ့ အပူရှိန်ကို ရရှိစေတယ်လို့ ဆိုပါတယ်။

Credit: ဟင်းချက်နည်းများ

Photo Credit: Google Searc