ပါဝင်ပစ္စည်းများ

  • ကောက်ညင်းဆန်မှုန့် ၃ခွက် (ဆန်ချိန်ခွက်)
  • ဆန်မှုန့် ၁ခွက်
  • အုန်းနို့ ၂ဗူး
  • ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
  • သကြား ၄ဇွန်း (ဟင်းချက်ဇွန်း)
  • ထောပတ် ၃ဇွန်း (ဟင်းချက်ဇွန်း)
  • ဆီ ၂ ဇွန်း (ဟင်းချက်ဇွန်း)
  • ဆား ၁ဇွန်း(စားပွဲတင်)
  • ဘိန်းစေ့

ပြင်ဆင်ပြုလုပ်နည်း

  1. ကောက်ညင်းနဲ့ဆန်မှုန့်ကို ရောကာ ရေဖျော်လိုက်ပါ ။ ပြီရင် ဆားရောပါ။ ထမင်းပေါင်းအိုးထဲကို ထည့်ပြီး ထမင်းချက်သလို ရေအမှတ်၃မှာထားပြီး ချက်လိုက်ပါ ။ ( မွှေရတာ သက်သာအောင်) ကျတ်သွားရင် ခပ်ပျစ်ပျစ်လေးဖြစ်နေတာ တွေ့ရပါမယ်။
  2. အဲဒီအခါမှ မုန့်ကျိုမဲ့အိုးထဲကို ပြောင်းထည့်ကာ အုန်းနို့ ၊ သကြားရောပါ ။ ပြီရင် ဆားရောပါ။
  3. ခနမွှေပြီး ကြံသကာရေ လောင်းထည့်ပါ ။ မီးကို အနေတော် ထားလို့ရပါတယ် ။ အဆက်မပြတ်မွှေပါ။
  4. မိနစ် ၃၀ – ၄၀ ကြား ကျိုရင်းမှ မုန့်ကျိုရေနီလာရင် ဘိန်းစေ့ များလောင်းထည့်ကာဆီ၊ ထောပတ်ရောကာမွှေပါ ။ အဆက်မပြတ်မွှေပါ ။
  5. ဆီပြန်ကာ ပျစ်ခဲလာရင် ဟာလဝါရပါပြီ ။ မုန့်ဘန်းထဲထည့် အအေးခံထားပါ။ ဒီနေ့ညအအေးခံရင် နောက်တရက်မနက်မှာ အနေတော်ခပ်ပျစ်ပျစ် ပုသိမ်ဟာလဝါ ကိုစားသုံးလို့ရပါပြီ။

Credit: Danuphyu Daw Saw Yee