ရာသီဥတုဒဏ်တွေ တစ်နေ့တာစိတ်ဖိစီးမှုတွေကြောင့် ဘာမှစားချင်စိတ်သောက်ချင်စိတ်မရှိပဲ ခံတွင်းပျက်သလိုဖြစ်နေပါသလား။ဒါဆိုရင်တော့ သင့်ကိုခံတွင်းလည်းတွေ့စေမှာဖြစ်သ လို အားအင်ပြည့်ဝစေမယ့် ဝက်နံရိုးသီးစုံစွပ်ပြုတ်ချက်နည်းလေးပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၄၀၀ ဂရမ်
  • မုလာဥနီ ၂ ချောင်း
  • အာလူး ၂ လုံး
  • ခရမ်းချဉ်သီး ၂ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ပြောင်းဖူး ၁ ဖူး
  • ဟင်းချက်ဝိုင် ၆၀ ဂရမ်
  • ဆားအနည်းငယ်
  • ငရုပ်ကောင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးဝက်နံရိုးကိုရေဆေးသန့်စင်ပြီး ဆားအနည်းငယ် ငရုပ်ကောင်းနဲ့ ဟင်းချက်ဝိုင်တို့ထည့်နယ်ပြီး ၁၅ မိနစ်ခန့်နှပ်ထားပေးရပါမယ်။ပြီးရင်တော့ ဒယ်အိုးတစ်ခုအတွင်းရေအနည်းငယ်ထည့်ကာ ဝက်နံရိုးကို ၁၅ မိနစ်ခန့်ပြုတ်ပေးရပါမယ်။၁၅ မိနစ်ခန့်ပြုတ်ပြီးပြီဆိုရင်တော့ ဒယ်အိုးမျက်နှာပြင်ပေါ်တက် လာတဲ့အမြုပ်တွေကိုဖယ်ပြီး ဝက်နံရိုးတွေကို ဆယ်လိုက်ပါ။ဝက်နံရိုးပြုတ်ထားတဲ့ ရေကိုတော့သွန်ပစ်လိုက်လို့ရပါတယ်။

(၂) နောက်တစ်ဆင့်ကတော့ နောက်ထပ်ဒယ်အိုးတစ်ခုအတွင်းရေထည့်ပြီးတည်ပေးရပါမယ်။ရေနွေးဆူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ ၃ မွှာကိုဓားပြားရိုက်ပြီး ဆူနေတဲ့ရေနွေးထဲထည့်လိုက်ပါ။ပြီးရင်တော့ခုနကပြုတ်ထားတဲ့ဝက်နံရိုးနဲ့ အတူ ပြောင်းဖူး ခရမ်းချဉ်သီး အာလူး မုလာဥတို့ကိုရောထည့်ပြီး ဆားအနည်းငယ် ငရုပ်ကောင်းမှုန့်အနည်းငယ်ထည့်ကာ မိနစ် ၄၀ ခန့် မီးအေးအေးနဲ့ တည်ထားပေးရပါမယ်။

(၃) အရသာအတွက်ဆားနဲ့ ငရုပ်ကောင်းကို မိမိစိတ်ကြိုက်ထပ်ထည့်ပြီး ပြုပြင်မွန်းမံလို့ရပါတယ်။အချိန်စေ့ပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး မိမိကြိုက်နှစ်သက်ရာပန်းကန်းတစ်ခုအတွင်း ထည့်ပြီး အရသာရှိတဲ့ ဝက်နံရိုးသီးစုံစွပ်ပြုတ်လေးကိုသုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။ထမင်းဖြူလေးစားမယ်ဆိုရင် တကယ်ကိုစားကောင်းတဲ့ စွပ်ပြုတ်လေးဖြစ်တာကြောင့် တစ်ရက်လောက်ချက်စားကြည့်နော်။

Source : Asianfoodnetwork