နေ့လည်နေ့ခင်းတွေ သရေစာအနေနဲ့ စားချင်တဲ့အခါဖြစ်ဖြစ်၊ အလှူမင်္ဂလာပွဲတွေမှာ အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံလိုတဲ့အခါပဲဖြစ်ဖြစ် ဒီရွှေဖရုံသီးမုန့်လေးက အကောင်းဆုံးပါပဲနော်။ ချိုစိမ့်တဲ့အရသာလေးနဲ့မို့ လူတိုင်းရဲ့ခံတွင်းမှာ အရသာတွေ့နေမှာ အမှန်ပါပဲ။
ပါဝင်ပစ္စည်းများ
- ရွှေဖရုံသီး (အခွံခွာပြီး) ၂၂၀ ဂရမ် (ပေါင်းထာပါ)
- ဆန်မှုန့် ၁၀၀ ဂရမ်
- အုန်းနို့ ၁၀၀ ml
- သကြား ၅၀ ဂရမ်
- ဆား အနည်းငယ်
- အုန်းသီး အနည်းငယ် ( ခြစ်ထားပါ )
ပြုလုပ်နည်း
- ပေါင်းထားသော ရွှေဖရုံသီးကို အားလုံး ကြေညက်သွားအောင် ခရင်းနှင့် ခြေထားပါ။
- ခြေထားသော ရွှေဖရုံသီးအနှစ်များကို ဇလုံ တခုထဲတွင် ဆန်မှုန့် ၊ အုန်းနို့၊ သကြား ၊ ဆား အနည်းငယ်တို့နှင့် နှံ့စပ်အောင် နယ်ပါ ။
- ပြီးလျင် ပုံစံခွက်ထဲတွင် ထည့်ရျ် အပေါ်မှ ခြစ်ထားသော အုန်းသီးဖတ်လေးများကို ဖြူးရျ် ပေါင်းပါ ။
- ပေါင်းပြီးသား ရွှေဖရုံသီးမုန့်များကို အအေးခံထားပါ။ ပြီးလျှင် ရွှေဖရုံသီးမုန့်ခွက်များကို ရေခဲသေတ္တာထဲတွင် ထားပြီး လျှင် စားကာနီးမှ ခွက်လေးများထဲ မှ ထုပ်ပြီး သုံးဆောင်နိုင်ပါသည် ။
- မွှေးရျ် အေးနေသော ရွှေဖရုံသီးမုန့်လေးကို ကြိုက်နှစ်သက် ကြပါစေ ။
MyFood Myanmar