အားလုံးပဲမင်္ဂလာပါ။ အရောင်အဆင်းအနံ့အရသာနဲ့ ပြည့်စုံတဲ့ စားချင်စဖွယ် ရောင်စုံကိတ်လေးကို အိမ်မှာပဲလွယ်လွယ်ကူကူ လုပ်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၂၈၀ ဂရမ်
  • နွားနို့ ၇၁၀ မီလီလီတာ
  • ကြက်ဥ ၆ လုံး
  • ထောပတ်စားပွဲတင်ဇွန်း ၆ ဇွန်း
  • သကြားစားပွဲတင်ဇွန်း ၇ ဇွန်း
  • Food Coloring အမှုန့် အနီ လိမော် အဝါ အစိမ်း အပြာ
    ခရမ်း စားပွဲတင်ဇွန်း ၁ ဇွန်းခန့်
  • Whipped Cream ၆ ဇွန်း
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဆုံးဦးအနေနဲ့ ဇလုံတစ်ခုအတွင်း ဂျုံမှုန့် ကြက်ဥဆားအနည်းငယ် သကြားတို့ကိုရောထည့်ပြီးမွှေခလောက်ပေးပါ။ ထို့နောက်ထောပတ်နဲ့ ကြိုပြီးခပ်နွေးနွေးအပူရှိန်ရှိသေးတဲ့ နွားနို့ တို့ကိုဖြည်းဖြည်းချင်း ထပ်မံရောထည့်ပြီး ဆက်မွှေပေးရပါမယ်။

(၂) ပြီးရင်တော့ မွှေထားတဲ့ဂျုံအရောအနှောအနှစ်ကို ပန်းကန်လုံး ၆ လုံးစီမှာအညီအမျှခွဲထည့်လိုက်ပါ။ ထို့နောက် Food Coloring အမှုန့်ရောင်စုံကို ခုနကခွဲထားတဲ့ ဂျုံအနှစ်ပန်းကန်တွေအတွင်း အနည်းငယ်စီထည့်ပြီးမွှေပေးရပါမယ်။

(၃) နောက်တစ်ဆင့်အနေနဲ့ကတော့ဒယ်အိုးတစ်ခုအတွင်း ထောပတ်တစ်ဇွန်းခန့်ထည့်ပြီး မီးခပ်အေးအေးနဲ့အပူပေးရပါမယ်။ဒယ်အိုးပူလာပြီဆိုရင်တော့ပန်ကိတ်ကြော်ဖို့အတွက် ခုနကမွှေထားတဲ့ ရောင်စုံဂျုံအနှစ်လေးတွေထဲမှ တစ်ခုကို အနည်းငယ်ထည့်ကာဒယ်အိုးအတွင်းဖြန့်ပြီး အပူပေးလိုက်ပါ။

(၄) ကိတ်ပြားကိုအရမ်းထူမသွားစေဖို့တော့သတိပြုရပါမယ်။ပန်ကိတ်ပြားတစ်ဖက်ကကျက်လာပြီးဆိုရင်တော့တစ်ခြားတစ်ဖက်သို့လှန်ပြီးဆက်အပူပေးပါ။ နှစ်ဖက်လုံးကျက်ပြီဆိုရင်တော့ဒယ်အိုးအတွင်းကနေဆယ်လိုက်လို့ရပါပြီ။ထိုနည်းအတိုင်း ဂျုံအရောအနှောအနှစ် ၆ ရောင်စလုံးကိုကြော်ပေးရပါမယ်။

(၅) နောက်ဆုံးအနေနဲ့ ကြော်ထားတဲ့ရောင်စုံကိတ်လေးတွေကို အောက်ဆုံးကနေစပြီး အထပ်လိုက်စီသွားပေးရပါမယ်။ အောက်ဆုံးမှာခရမ်းရောင်ကိတ်ပြားလေးတစ်ပြားကိုခင်းပြီး Whipped Cream အနည်းငယ်သုတ်လိမ်းပေးရပါမယ်။ ကိတ်ပြားတစ်ရောင်ကို ၄ ချပ်ဝန်းကျင်ခန့်ဆင့်ပေးပါ။

(၆) ခရမ်းရောင်ပန်ကိတ်ပြား၄ချပ်ဆင့်ပြီးပြီဆိုရင်တော့ ထိုနည်းအတိုင်း ကျန်တဲ့အရောင်ပန်ကိတ်ပြားတွေကိုလည်းအဆင့်ဆင့် ထပ်သွားပေးရပါမယ်။နောက်ဆုံးမှာတော့အပေါ်ကနေ Whipped Cream အနည်းငယ်အုပ်ပြီးလိမ်းပေးမယ်ဆိုရင် အရသာရှိပြီး စားချင်စဖွယ်ရောင်စုံပန်ကိတ်လေးရရှိပြီပဲဖြစ်ပါတယ်။

Source : Tasty