ပါဝင်ပစ္စည်းများ
- ပဲပုတ်အစို – ၁၀ သား
- ခရမ်းချဉ်သီး အသေး – ၅ လုံး (ပါးပါးလှီးထားပါ ။)
- ကြက်သွန်နီ အကြီး – ၁ လုံး (ပါးပါးလှီးထားပါ ။)
- ကြက်သွန်ဖြူ အသေး – ၁ လုံး (ထောင်းထားပါ ။)
- နနွင်းမှုန့် (အနည်းငယ်)
- အရောင်တင်မှုန့် (အနည်းငယ်)
- ဆား (အနည်းငယ်)
- ဆီ (အနည်းငယ်)
- နံနံပင် (အနည်းငယ်)
- ငရုတ်သီးစိမ်းအပွ – ၄ ၊ ၅ တောင့်
ပြုလုပ်နည်း
- အိုးထဲတွင် ဆီ အနည်းငယ် ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ နနွင်းမှုန့် ၊ အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ ။
- ကြက်သွန်နီ အရောင်ပြောင်း၍ မွှေးလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ကို ထည့်၍ အနည်းငယ် နွမ်းသွားသည်အထိ ထားပါ ။
- ပြီးလျှင် ပဲပုတ်အစိုကို ထည့်၍ အနှစ်များနှင့် နှံ့စပ်အောင် မွှေပါ ။ ရေ အနည်းငယ် ထည့်၍ အိုးအဖုံးကို အုပ်ထားပါ ။
- ရေခမ်းသွားလျှင် အပေါ့အငံမြည်း၍ ဆား အနည်းငယ် ထည့်ပြီး ငရုတ်သီးစိမ်းအပွကို နှစ်ခြမ်းခွဲ၍ ထည့်ပြီး နံနံပင်အုပ်၍ သုံးဆောင်နိုင်ပါပြီ ။
- အချိုမှုန့် လုံးဝ မထည့်ပါ ။ မိမိကြိုက်နှစ်သက်ပါက ထည့်၍ စားသုံးနိုင်ပါသည် ။
MyFood Myanmar