ပါဝင်ပစ္စည်းများ
- ကတ်ကတစ် – ၃၀သား
- ဟင်းခတ်မှုန့်
- ငံပြာရည်
- ဆား
- စပါးလင် – ၃ ချောင်း ၊ ၁ ပိုင်း
- ကြက်သွန်ဖြူ – ၄ မွှာ
- ငရုတ်စိမ်း – ၅ တောင့်
- ဆား – ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
- သကြား – ၁ ဇွန်း
- မန်မာ ငါးငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း )
- ပူဒီနံ – ၁၀ ရွက်
- နံနံပင်
- သံပုရာသီး
ချက်နည်း
- ကတ်ကတစ် ၃၀သား အနေတော် ကောင်ကို အကြေးခွံခွာရေစင်အောင်ဆေး ဆားနဲ့ဆေးပါ ။ ဗိုက်သားကို ခွဲပါ ။ အမြှီး အစွန် နဲ့ အတောင်ကို ညှပ်ထုတ်ပါ။ (တခြား အသားများ ငါးများ သုံးလည်း ကောင်းပါတယ် ။ ကတ်ကတစ် ကတော့ အနံ့ကောင်းရ်ျ အသားချိုပြီး အသားလည်း များတယ်။)
- ငါးကို ဆား ၊ ဟင်းခတ်မှုန့် ၊ ငံပြာရည် တို့နဲ့ ၁၀မိနစ် နှပ်ထားပါ။ စပါးလင် တစ်ချောင်းကို ထု ၃ပိုင်းဖြတ် ငါးဗိုက် နေရာမှာ ၂ချောင်းထည့် ၊ ပါးဟပ်မှာ ၁ချောင်း ထည့်ပါ။
- စပါးလင် ၁ ပိုင်း ၊ ကြက်သွန်ဖြူ ၄ မွှာ ၊ ငရုတ်စိမ်း ၅ တောင့် ကို ညှက်အောင်ထောင်း ထောင်းထားတဲ့ အားလုံးကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ သကြား ၁ ဇွန်း ၊ မြန်မာ ငါးငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း ၊ ပူဒီနံ ၁၀ရွက် ၊ နံနံပင် ပါးပါးလှီး ထားတာတို့ကိ ရေကျက်အေး နည်းနည်းနဲ့ ဖျော်၊ အပေါ့ငန် မြည်းပြီး လိုတိုး ပိုလျော့ လုပ်ပါ ။
ငါးပေါင်းရန်
1. ဒယ်အိုးမှာ တူ (သို့)သစ်သားယောင်းမ နှစ်ခုကို ငါးပန်းကန် တင်လို့ ရအောင် ထားပါ။ဒယ်အိုးထဲ ရေထည့်ကာ ငါးကို ၁၅မိနစ်သာ ပေါင်းပါ ။ အဖုံးပိတ် ထားရပါမယ် ။ (ငါးမှ အရည်ထွက် ပါလိမ့်မယ်။)
3. ပြီးရင် ဖျော်ထားတဲ့ အားလုံးကို ငါး၏ အပေါ်မှာ ဖြန့်ထည့် (အဖုံးပြန်အုပ်၊ ၅မိနစ်ထား) ကျက်ပါပြီ။
4. စားကာနီး ငါးပန်းကန် ပူပူထဲကို သံပုရာသီး ညှစ်ထည့်ပြီး နံနံပင် အစိမ်းနံ့ သင်းချင်ရင် နံနံပင် နည်းနည်း ထပ်ထည့်ပါ။အခြားသော ငါးသံပုရာ ပေါင်းနည်းတွေလည်း ရှိပါတယ် ။ ဒီနည်းက လွယ်ပြီး စားရ ကောင်းလို့ မျှဝေတာပါ။
Credit: Blessing YynRichard
Photo Credit: Original