အားလုံးပဲမင်္ဂလာပါ။အရသာရှိပြီး အဟာရပြည့်ဝစေမယ့် ကြက်ပေါင်းလုပ်နည်းလေးကိုမျှဝေပေးချင်ပါတယ်။စပါးလင်အနံ့ သင်းသင်းလေးနဲ့ နူးညံ့တဲ့အရသာတို့ဖြင့် လူကြီးရောကလေးပါအကြိုက်တွေ့စေမယ့်ဟင်းလျာတစ်မျိုးဖြစ်တာကြောင့် အိမ်မှာလုပ်စားကြည့်လိုက်ပါအုန်းနော်။

ပါဝင်ပစ္စည်းများ

  • ကြက် ၇၅၀ဂရမ်ခန့် ၁ ကောင်
  • စပါးလင် ၉ ချောင်း
  • နံနံပင် ၂ စည်း
  • ကြက်သွန်ဖြူ ၅ မွှာ
  • ဂျင်း ၁ တက်
  • သံပရာသီး ၁ လုံး
  • ပဲငံပြာရည် ၁ ဇွန်း
  • ပြောင်းဖူးမှုန့် ၁ ဇွန်း
  • ငရုပ်ကောင်း ၁ ဇွန်း
  • သကြား ၁ ဇွန်း
  • ဆားအနည်းငယ်
  • သကြား ၁ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ကြက်ကောင်လုံးကိုရေဆေးသန့်စင်ပြီး အတွင်းမှာရှိတဲ့ကလီစာတွေအားလုံးထုတ်ပစ်လိုက်ပါ။ထို့နောက် ဂျင်းနဲကြက်သွန်ဖြူတို့ကိုခပ်ပါးပါးလှီးပေးပါ။ဇလုံတစ်ခုအတွင်းခုနကပါးပါးလှီးထားတဲ့ ဂျင်းကြက်သွန်ဖြူရယ် ဆားအနည်းငယ် သကြား သံပရာသီးတစ်စိတ်ခန့် ပဲငံပြာရည်အကြည် ငရုပ်ကောင်း နံနံပင်တို့ကိုရောထည့် ပြီးမွှေပေးရပါမယ်။

(၂) ထို့နောက်ရရှိလာတဲ့ ဟင်းအနှစ်ကိုကြက်တစ်ကောင် လုံးအနှံ့အရသာဝင်အောင်ပွတ်ပေးပါ။ကြက်တစ်ကောင်လုံးအနှံ့ သေချာလေးပွတ်ပေးပြီပြီဆိုရင်တော့ ကျန်နေသေးတဲ့ အနှစ်လေးတွေကို ကြက်ရဲ့ဝမ်းဗိုက်အတွင်းအစာသွပ်ပေးပါ။ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် နှပ်ထားပေးရပါမယ်။

(၃) အချိန်စေ့ပြီဆိုရင်တော့ ပေါင်းဖို့အတွက် အပူခံ လင်ဗန်း တစ်ခုကိုယူပါ။လင်ဗန်းပေါ်မှာတော့ စပါးလင်း ၃ ချောင်းခန့် ဗြန့်ပြီးခင်ထားပေးရပါမယ်။အဆိုပါခင်းထားတဲ့စပါးလင်ပေါ်ကိုမှအရသာဝင်အောင်နှပ်ထားတဲ့ကြက်သားကိုတင်ပေးပါ။ပြီးရင်တော့ Oven သို့မဟုတ် ပေါင်းအိုးအတွင်း မီးခပ်အေးအေးဖြင့် ၄၅ မိနစ်ခန့် ပေါင်းခံပေးရပါမယ်။

(၄) ကြက်သားကို ၄၅ မိနစ်ခန့်ပေါင်းပြီးပြီဆိုရင်တော့ ကြက် သားကိုဖယ်ပြီး ကြက်သားပေါင်းခံခြင်းကနေရရှိလာတဲ့အရ သာအရည်လေးတွေကို စစ်ယူလိုက်ပါ။ထို့နောက်ဒယ်ဒိုးတစ်ခုအတွင်း ကြက်ပေါင်းရည်အနည်းငယ်ရယ် သကြား ပဲငံပြာရည် ဆား ငရုပ်ကောင်း ပြောင်းဖူးအမှုန့်ကိုထည့်ပြီး မီးခပ်အေးအေးဖြင့် ကြိုပေးပါ။

(၅) ကြက်ပေါင်းရည်ကြိုနေစဉ်အတွင်း ပေါင်းထားတဲ့ကြက် သားကို မိမိစိတ်ကြိုက်အရွှွှယ် အတုံးလေးတွေတုံးထားပေးရပါမယ်။ခုနကကြိုထားတဲ့ကြက်ပေါင်းရည်လေးပြစ်လာပြီဆိုရင်တော့ မီးပိတ်ပြီးတုံးထားတဲ့ကြက်သားတုံးလေးတွေပေါ်ကနေ ဖြည်းဖြည်းချင်းစမ်းပေးရပါမယ်။ဒါဆိုရင်တော့အရသာရှိပြီး နူးညံ့လှတဲ့ စပါးလင်းအနံ့မွှေးမွှေးလေးနဲ့ ကြက်ကောင်လုံး ပေါင်းလေးကိုရရှိပြီပဲဖြစ်ပါတယ်။

Source : Asianfoodnetwork