ပါဝင်ပစ္စည်းများ
- ဘဲ ၆၅ကျပ်သားခန့်တစ်ကောင်
- ပဲငံပြာရည် ထမင်းစားဇွန်း ၈ဇွန်း
- သကြား ၂ဇွန်း
- ခရုဆီ ၂ဇွန်း
- ကြက်သွန်ဖြူ ၁ဥ
- ဂျင်း လက်မခန့် ၁တုံး
- နာနတ်ပွင့် ၂ပွင့်
- ဟင်းခတ်မှူန့် ၁ဇွန်း
- ပဲနှောက်ရည် ၁ဇွန်း
ပြုလုပ်နည်း
- ဘဲကို ဆေးကြော သန့်စင်ပြီး ဟင်းခတ်မှူန့် ပဲငံပြာရည်၊ သကြား၊ ခရုဆီ တို့နဲ့ ရောနယ်ကာ ၂နာရီခန့် နှပ်ထားပါ။
- ရေတစ်လီတာခွဲခန့် ဆူအောင် တည်ပြီး နာနာပွင့်၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ပဲနှောက်ရည် တို့ကိုထည့်၍ ရေပွက်ပွက် ဆူပါက ဘဲထည့်ကာ အဖုံးအုပ်၍ မီးပြင်းပြင်းနဲ့ နာရီဝက်၊ မီးအရှိန်လျှော့ကာ မီးဖြည်းဖြည်းဖြင့် မီနစ် ၄၀ပေါင်းပါ။
- အပေါ့အငံ မြည်းပြီး ဘဲသားနူးပြီ ဆိုပါက မီးပိတ်ကာ အနေတော် လှီးဖြတ်၍ အချဉ်ရည်ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။
- ကြက်သားနဲ့လဲ ပေါင်းလို့ ရပါတယ်။
အချဉ်ရည်လုပ်နည်း
ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်း ညှက်အောင် ထောင်းပြီး လျှာလကာရည် နဲ့ သကြား၊ ငါးငံပြာရည် တို့ဖြင့် ရောဖျော်ကာ ဘဲပေါင်းနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။
Credit: Thida Lay Lay