အရသာလည်းရှိ လုပ်စားရတာလည်း လွယ်ကူတဲ့ ဘဲပေါင်းဆီချက် လုပ်နည်းလေးကို ပြောပြပေးပါ့မယ်။ အချိုအရသာလေးဆိုတော့ လူကြီးများသာမက ကလေးများရဲ့အကြိုက်နဲ့လည်း ထပ်တူညီလို့ တစ်ယောက်တစ်မျိုးစီ လုပ်ပေးစရာလိုတော့မှာမဟုတ်ဘူးပေါ့။ ဆိုင်အရသာကိုသိပ်မကြိုက်ဘူးဆိုရင် ကိုယ်တိုင်ကိုယ်ကျ နှစ်သက်သလို ချက်ပြုတ်နိုင်မှာပါ။

ပါဝင်ပစ္စည်းများ

  • ကြာဇံ (သို့) ခေါက်ဆွဲ
  • ဘဲပေါင် (သို့) ရင်အုံ
  • ကြက်သွန်ဖြူကြော်
  • ကြက်သွန်မြိတ်
  • ဆီ
  • ဟင်းခတ်မှုန့်
  • ပဲငံပြာရည် အကြည်
  • သကြား
  • နာနတ်ပွင့်
  • ဂျင်း
  • ကြက်သွန်ဖြူ

ပြင်ဆင်ပြုလုပ်နည်း

ကြာဇံကို ရေအေးဖြင့် ၁၅မိနစ်ခန့် စိမ်ထားပါ ။ (ခေါက်ဆွဲဆို စိမ်ရန်မလိုပါ) ဆီကို နနွင်းမပါဘဲ ဆီပူချက်ထားပါ ။ ကြက်သွန်မြိတ် ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကြော်ကို မညက်တညက် ထောင်းထားပါ။

ဘဲအသားတုံးများကို ရေစင်အောင်ဆေးပြီး ဟင်းခတ်မှုန့် အနည်းငယ်၊ သကြားအနည်းငယ်ဖြင့် နယ်ထားပါ ။ ဂျင်းနှင့်ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ ။

ထို့နောက် လ္ဘက်စားဇွန်းနှင့် ဆီအနည်းငယ်ကို slow cooker အိုးထဲမှာ ပူအောင်တည်ပြီး ဆီပူလာလျှင် နာနတ်ပွင့်နှင့် သကြားအနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။

ကြက်သွန်ဖြူ၊ ဂျင်းထည့်ပါ ။ ဘဲသားတုံးများထည့်ပြီး ရေမြုပ်အောင် ထည့်ပါ ။ ပုံစံမပျက် နူးအိလာပါလိမ့်မည် ။ slow cooker မရှိပါက မီးသွေးဖိုကို အထက်မီး အောက်မီး အနည်းငယ်ထည့်ပြီး အထက်ပါအတိုင်း ဟင်းအိုးတည်ပါ။

ဇလုံကြီး တစ်လုံးထဲတွင် ချက်ထားသော ဆီအနည်းငယ် သကြားအနည်းငယ် ဟင်းခတ်မှုန့် အနည်းငယ် ပဲငံပြာရည်အကြည် အနည်းငယ် ကြက်ပေါင်းရည် အနည်းငယ်ထည့်ပြီး ရောမွှေထားပါ။

နူးပြီး အသားတုံးများကို ဆယ်ထားပြီး ၎င်း ကြက်ပေါင်းရည်နှင့် ကြာဇံများ နူးအိလာအောင် ပြုတ်ပါ။ ပြီးလျှင် ရေစစ်ပြီး အသင့်ပြင်ထားသော အရသာများဖြင့် နှံ့အောင် နယ်ပါ။ သုံးဆောင်မည့် ပန်းကန်ထဲသို့ အရသာနယ်ပြီးသော ကြာဇံကို ထည့်ပါ။

ပြီးလျှင် ကြက်သွန်မြိတ် ၊ ကြက်သွန်ဖြူကြော် လေးများကို ဖြူ ၊ ဘဲပေါင်းထည့်ကာ အရသာရှိပြီး လုပ်စားရတာ လွယ်ကူတဲ့ ဘဲပေါင်းဆီချက်လေး ရပါပြီ။

(ဘဲပေါင်းနည်းတူ ကြက်သားပေါင်း၊ ဝက်နံရိုးပေါင်း စသဖြင့် မိမိကြိုက်နှစ်သက်ရာ လုပ်စားနိုင်သည်)

Credit: ဝယ်စားမယ် ၊ ချက်စားမယ်