အားလုံးပဲမင်္ဂလာပါ။ဖက်ထုပ်ပြုလုပ်နည်းများစွာရှိတဲ့ထဲကမှ အရသာရှိပြီး လွယ်ကူရိုးရှင်းစွာနဲ့ အိမ်မှာကိုယ်တိုင်ပြုလုပ်လို့ရမယ့် ကြက်သားဖက်ထုပ်ပေါင်းလုပ်နည်းလေးကိုမျှဝေ ပေးချင်ပါတယ်။ဖက်ထုပ်သားအိအိလေးနဲ့ ငှက်ပျောဖက်အနံ့ သင်းသင်းလေးမွှေးနေတဲ့ ထူးရှယ်ဖက်ထုပ်ပေါင်းလေးဖြစ်တာမလို့ ဖက်ထုပ်ကြိုက်တဲ့သူတွေမဖြစ်မနေလုပ်စားကြည့်လိုက်ပါအုန်းနော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၁ ပေါင်
  • ဖက်ထုပ်ဂျုံပြား ၁၀ ပြားခန့်
  • မှို ၆ ပွင့်
  • ကြက်သွန်ဖြူ ၃ မွှာ
  • ကြက်သွန်နီ ၃ လုံး
  • ဂျင်း ၁ တက်
  • ကြက်ဥ ၁ လုံး
  • ငရုပ်ကောင်းစားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးငံပြာရည်စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းဖူးကော်မှုန့် ၂ ဇွန်း
  • ငှက်ပျောရွှက် ၅ ရွှက်
  • ကြက်သွန်မြိတ် ၃ ပင်
  • ပဲငံပြာရည်အကြည် ၃ ဇွန်း
  • ပဲငံပြာရည်အနောက် ၁ ဇွန်း
  • သကြားအညို ၁ ဇွန်း
  • သံပရာသီး ၁ လုံး
  • ငရုပ်သီးမှုန့် ၂ ဇွန်း
  • နှမ်းဆီ ၁ ဇွန်း
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်သားကို နုပ်နုပ်စဉ်းပါ။ထို့နောက်ကြိတ်စက်အတွင်း ကြက်သား မှို ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ငရုပ်ကောင်း ကြက်ဥ ပဲငံပြာရည်အကြည် ငါးငံပြာရည် ဆားအနည်းငယ် ပြောင်းဖူးကော်မှုန့် ကြက်သွန်မြိတ် နှမ်းဆီတို့ကို ရောထည့်ပြီး ကျေညှက်အောင်ကြိတ်ပေးပါ။ပြီးရင်တော့ ဇလုံခပ်ကြီးကြီးတစ်ခုအတွင်း ကြိတ်ထားတဲ့ အစာတွေကိုပြောင်းထည့်ပါ။

 

(၂) ထို့နောက် ဖက်ထုပ်အစာသွပ်ရန် ဂျုံးပြားလေးတွေကိုလည်းအဆင့်သင့်ပြုလုပ်ပေးပါ။ပန်းကန်လုံးအသေးလေးနဲ့ ရေတစ်ခွက်ခန့် ထည့်ထားပေးပါ။ပြီးရင်တော့ ဖက်ထုပ်ဂျုံပြားလေးတစ်ခုကိုယူပြီး လက်ဖဝါးပေါ်ဖြန့်တင်ထားပါ။ဖက်ထုပ်ဂျုံပြားရဲ့အလည်တည့်တည့်သို့ ခုနကကြိတ်ထားတဲ့အစာပလာအနှစ်လေးကို အစာသွပ်ပေးပါ။ထို့နောက်ဖက်ထုပ်ရဲ့ အနားသက်လေးတွေကိုရေအနည်းငယ်ဆွတ်ပြီး လက်ဖြင့်ဖိပေးပါ။

(၃) ဤနည်းအတိုင်းကျန်တဲ့ ဂျုံပြားလေးတွေကို အစာသွပ်ပေးရပါမယ်။ထို့နောက်ဖက်ထုပ်ပေါင်းဖို့အတွက် ဒယ်အိုးအတွင်းရေ ၃ ခွက်ခန့်ထည့်ပြီး ရေနွေးတည်ထားပါ။ဖက်ထုပ်ပေါင်းမယ့် ဝါးခြင်းအတွင်းမှာ ငှက်ပျောရွှက်ခင်းပေးပါ။ငှက်ပျောရွှက်ခင်းထားပေးမယ်ဆိုရင် ဖက်ထုပ်ကိုပိုပြီး နူးညံ့စေမှာဖြစ် သလို ဖက်ရွှက်အနှံ့သင်းသင်းလေးမွှေးနေမှာဖြစ်ပါတယ်။

(၄) ရေနွေးဆူပြီဆိုရင်တော့ ဖက်ထုပ်ထည့်ထားတဲ့ ခြင်းလေးကို ရေနွေးအိုးပေါ်တင်ပြီး ၇ မိနစ်ခန့်ပေါင်းပေးရပါမယ်။ဖက်ထုပ်ပေါင်းထားစဉ်အတွင်း ဖက်ထုပ်နဲ့တွဲစားဖို့ ဆော့စ်ပြင်ဆင် ပေးရပါမယ်။ဆော့စ်အတွက် ပန်းကန်လုံးတစ်ခုအတွင်း ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် နှမ်းဆီ သကြားအညို ငါးငံပြာရည် သံပရာသီး ငရုပ်သီးမှုန့် တို့ကို ရေအနည်းငယ်ရောထည့်ပြီးမွှေပေးပါ။အချဉ်နဲ့အစပ်အရသာအတွက် သံပရာရည်နဲ့ ငရုပ်သီးကို မိမိစိတ်ကြိုက်ပြင်ထပ်ထည့်နိုင်ပါတယိ။

(၅) ဖက်ထုပ်လေးတွေအားလုံးလည်း ကျက်သွားပြီဆိုရင်တော့ ပန်းကန်တစ်ခုအတွင်းပြောင်းထည့်ပါ။ထို့နောက် ပြင်ဆင်ထားတဲ့ ဆော့စ်လေးနဲ့ တွဲဖက်စားမယ်ဆိုရင်တော့ တကယ်ကိုအရသာရှိတဲ့ ဖက်ထုပ်ပေါင်းကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။

Source : Thespruceeats